တစ်ချို့လူတွေအတွက်က တစ်ဖက်စောင်းအိပ်ရတာ အကောင်းဆုံးဖြစ်ပြီး တချို့ကတော့ အိပ်ရာပေါ်မှာ ဆန့်တန်းတာကို နှစ်သက်ကြပါတယ်။ညဘက်မှာ အိပ်တဲ့ပုံစံတွေက သင့်ရဲ့ အကျင့်စရိုက်တွေကို အများကြီးဖော်ပြနိုင်တာမလို့ သင်အိပ်တတ်တဲ့ပုံစံနဲ့ သင့်အကျင့်စရိုက်ကကော  တူလားမတူလားဆိုတာကိုတော့ အောက်မှာ ဆက်ကြည့် လိုက်ရအောင်နော်။

Skydiver

ခေါင်းကို တစ်ဖက်စောင်းထားပြီး မင်းလက်နှစ်ဖက်ကို ခေါင်းအုံးကိုင်ပြီးအိပ်တတ်တဲ့လူတွေက စွန့်စားသူများဖြစ်ကြပြီး လွတ်လပ်တဲ့စိတ်ရှိပေမယ့် စိုးရိမ်ထိတ်လန့်ပြီး အခြေအနေ တစ်ခုကို ထိန်းချုပ်လိုစိတ်လည်း ရှိနေတတ်ပါတယ်။

Stargazer

လက်တွေကို အိပ်တဲ့အခါ ခေါင်းနောက်မှာ ထားပြီးအိပ်တတ်ရင် လွယ်လွယ်နဲ့ အပြုသဘောဆောင်တဲ့ အမြင်ရှိပြီး သူငယ်ချင်းတွေနဲ့ မိသားစုကို ကူညီဖို့ ဘာမဆိုလုပ်ပေးမှာဖြစ်ပြီး သူတို့ချစ်ခင်ရတဲ့သူတွေကို အလွန်သစ္စာစောင့်သိတတ်တဲ့ သူတစ်ယောက်ပါ။

Starfish

နောက်ကျောကို ဆန့် လက်နှစ်ဖက်နဲ့  ခြေထောက်ကို ကျယ်အောင် ဆန့်ထားပြီး အိပ်တတ်တဲ့လူတွေက သူငယ်ချင်းတွေကို ပံ့ပိုးပေးဖို့ စိတ်အားထက်သန်ပြီး လူအများရဲ့ နှစ်သက်မှု ကိုလည်း ရရှိနေတဲ့လူတွေပါ။

Pillow-Huggers

ခေါင်းအုံးကို လက်နှစ်ဖက်နဲ့ ပတ်ပြီး အိပ်တတ်တဲ့လူတွေက သက်တောင့်သက်သာရှိမှုကို နှစ်သက်ပြီး ပုဂ္ဂိုလ်ရေး ဆက်ဆံရေးများကို ဂရုစိုက်သည့်အပြင် အခြားသူများထက် မိသားစုကို ပိုဦးစားပေးတတ်ပါတယ်။

Stomach Sleepers

မှောက်အိပ်တတ်တဲ့လူတွေက ရဲရင့်တဲ့ကိုယ်ရည်ကိုယ်သွေးရှိပြီး အခြားသူများထက် ပေါင်းသင်းဆက်ဆံတတ်ပါတယ်။ ပြဿနာဖြစ်လာရင်လည်း အခြားသူတွေလို အလွယ်တကူ ကျောခိုင်းမသွားတတ်ကြပါဘူး။

The Hugger

ခေါင်းအုံးကို ပွေ့ဖက်ပြီးမှ အိပ်တတ်တာက ချစ်ဖို့ကောင်းတဲ့ လက္ခဏာပါ။ ဒီလူတွေက လုံခြုံ၊ နွေးထွေးပြီး ကာကွယ်ရတာကို နှစ်သက်ပြီး သူတို့ကိုယ်တိုင်ကလည်း သန်မာပါတယ်။ ဒီလူတွေက ခိုင်မာပြီး ရေရှည်တည်မြဲတဲ့ ခင်မင်မှုကို တန်ဖိုးထားတယ်၊ မိသားစုနဲ့ ရင်းနှီးပြီး သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ပြုစုပျိုးထောင်ပေးတတ်ပါတယ်။

The Yearner

ဘေးတစောင်း လက်ဆန့်ပြီးအိပ်တတ်တဲ့လူဆိုရင်တော့ သူတို့က ယုံလွယ်သူနည်းပေမဲ့ သူတို့စိတ်ထဲထည့်ဖို့ အချိန်အကြာကြီးယူရတတ်ပါတယ်။ ဘယ်လိုအကြောင်းနဲ့ဘဲဖြစ်ဖြစ်  သူတို့ ရဲ့ ခံယူချက် တွေ က တော့ ပြောင်းလဲ လို့ မရ ပါဘူး ။