အားလုံးပဲမင်္ဂလာပါနော်။ ဒီခေါင်းစဉ်လေးကိုမြင်တော့ ဝါး အိပ်ရေးဝဝအိပ်တော့မယ်လို့ တွေးမိတယ်မလား။ အိပ်ရးဝဝအိပ်ဖို့ လိုအပ်ပါတယ်။ သင့်ကျန်းမာရေးအတွက်ရော အလှအပအတွက်ရော သင့်ဘဝအောင်မြင်ရေးအတွက်ပါ အိပ်ချိန်ဟာ အရေးပါလှပါတယ်။

အိပ်ရေးဝဝမအိပ်တာဟာ ကိုယ်အလေးချိန်တက်စေပါတယ်။ ဘာလို့ အဲဒီလိုကိုယ်အလေးချိန်တက်ရတာလဲ။ တခြားဆိုးကျိုးတွေကော ဘာတွေရှိမလဲဆိုတာကို မျှဝေပေးလိုက်ပါတယ်နော်။

၁။ ဇီဝဖြစ်စဉ်

အိပ်ချိန်နည်းစဉ် ဇီဝကာမဖြစ်စဉ် ကျဆင်းစေပါတယ်။ ဒီလိုဆိုရင်တော့ အဆီပိုတွေဖြစ်စေပြီး အဆီတွေစု ဗိုက်ပူလာစေမှာဖြစ်ပါတယ်။

၂။ ဗိုက်ဆာခြင်း

အိပ်ချိန်နည်းတာဟာ ဟော်မုန်းမညီမျှမှုတွေဖြစ်လာပြီး အစာစားချင်စိတ်ပိုဖြစ်စေပါတယ်။ဒါ့ကြောင့် ကိုယ်အလေးချိန်တက်လာစေမှာဖြစ်ပါတယ်။

၃။ ကိုလက်စထရော

ဟော်မုန်းမညီမျှမှုတွေကြောင့် ကိုလက်စထရောမြင့်မားလာပြီး  စိတ်ဖိစီးမှုများကာ ကိုယ်အလေးချိန် တက်စေပါတယ်။ ဒါ့ေကြောင့် အစားများများပိုစားမိပါတယ်။

၄။ အစာစားချင်စိတ်ပိုများခြင်း

အိပ်ရေးမဝရင်၊ အိပ်ချိန်နည်းရင် အစားပိုပြီးစားဖြစ်ပါတယ်။ အထူးသဖြင့် အမြန်စားအစားအစာတွေစားမိပါတယ်။

ဒီအချက်တွေကြောင့် သင်ဟာ ကိုယ်အလေးချိန်တက်လာစေမှာဖြစ်သလို စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်လို့လည်း ဆိုးကျိုးတွေခံစားရနိုင်ပါတယ်။ ဒါ့ကြောင့် တစ်နေ့ကို အိပ်ချိန် ၇ နာရီမှ ၈ နာရီအထိရှိသင့်ပါတယ်။

ဒီထက်ပိုပြီးအိပ်ရင်လည်းမကောင်းပါဘူးနော်။

By: MyStyle Myanmar