သင်က မာနကြီးတဲ့ ကောင်မလေး၊ ခပ်ချေချေ နေတတ်တဲ့ကောင်မလေး တစ်ယောက်ဆိုရင်တော့ ဒီအကြောင်းအရာက သင့်အတွက်ပါပဲ။ ခပ်ချေချေ ကိုယ့်ရဲ့ စတိုင်ကို ဓာတ်ပုံထဲမှာ ထင်ဟပ်နေအောင် ပြသနိုင်ပါတယ်။ ဒီတော့ မရယ်မပြုံးဘဲ ခပ်ချေချေ ပုံစံရဖို့ ပို့စ်ပေးနည်းတွေကို ကြည့်လိုက်ရအောင်နော်-

၁။ လက်ပိုက်ပြီး တခြားနေရာကြည့်နေမယ်

လက်ပိုက်ကာ မရယ်ဘဲ တခြားနေရာကို မော့ပြီး ကြည့်နေတာလေးက ဘယ်သူမှ အနားကပ်လို့ မရဘူးဆိုတဲ့ Vibe လေး ရစေပါလိမ့်မယ်။

၂။ ခါးထောက်ပြီး နံရံဆီမှီကာ ကြည့်နေတဲ့ပုံစံ

ဒီပုံစံလေးက ကိုယ့် ခန္ဓာကိုယ် Shape နဲ့ အင်္ကျီစတိုင် ပေါ်ချင်တဲ့ ပျိုမေတို့နဲ့ အဆင်ပြေပါလိမ့်မယ်။

၃။ မှီစရာ လက်တန်းရှိရင်

သင့်လက်နှစ်ဘက်လုံးကို လက်တန်းပေါ် ဆန့်လျက် တင်ပြီး ဓာတ်ပုံထဲ ပိုလှသွားအောင် ခြေထောက်တစ်ဘက်ကို မှီတဲ့ဆီ တင်နိုင်ပါတယ်။

၄။ လက်ပိုက်ပြီး တခြားဘက်ငေးနေတဲ့ ဘေးစောင်း ပို့စ်လေးက မြန်မာဝတ်စုံ ဝတ်ပြီး ဓာတ်ပုံရိုက်ရင်တောင် လှမှာပါ။

၅။ မျက်မှန်က ခပ်ချေချေ ပျိုမေတို့နဲ့ လိုက်ဖက်လေ့ရှိပြီး လမ်းလျှောက်နေတဲ့ပုံစံကို ရိုက်နိုင်ပါတယ်။

၆။ ဆံပင်လေးကို သပ်ပြီး တခြားဘက်ကို ကြည့်ကာ ထိုင်နေတာလေးက အထာကျပါတယ်။

၇။ အပေါ်က ပို့စ်ပုံစံ ဆင်တူလေးကိုမှ ခန္ဓာကိုယ်ကို နေရာပြောင်းပြီး ထိုင်နိုင်ပါတယ်။

၈။ ခုံပေါ်မှာ ဒူးတစ်ဘက် တင်ရင်း တင်ထားတဲ့ ဒူးပေါ်မှာ သင်က လက်ထောက်ပြီး ကင်မရာဆီ ကြည့်နေနိုင်ပါတယ်။

၉။ ခုံပေါ်လက်တင်ထားမယ်

ခုံပေါ် လက်တစ်ဘက်တင်ပြီး တခြားဘက် ကြည့်နေတာက သိပ်မခက်ခဲတဲ့ ပို့စ်ပေးနည်းပါ။

၁၀။ ပေါင်ပေါ်လက်တင်မယ်

ပေါင်တစ်ဘက်ပေါ် လက်တင်ပြီး ကျန်တစ်ဘက်ကို နားနောက်ဆီ ကိုင်ထားတာက မာနကြီးတဲ့ ပုံစံလေး ပေါ်စေပါတယ်။

၁၁။ ဆွဲဆောင်မှုရှိတဲ့ အချေပို့စ်လေး လိုချင်ရင်တော့ ဒီပုံစံလေး Try ကြည့်သင့်ပါတယ်။

၁၂။ နောက်က စင်ကို လက်နှစ်ဘက်လုံးနဲ့ အားပြုထားပြီး တခြားဘက် ကြည့်နေကာ ဆံပင်ကို ပုံထဲကလို ထားပြီး ပို့စ်ပေးနိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar