ကောင်းကင်ပါအောင် ဓာတ်ပုံရိုက်တဲ့အခါမှာ ပို့စ်သေချာပေးတတ်ရင် အရမ်းလှတဲ့ပုံလေးတွေ Aesthetic ဆန်တာလေးတွေ ရလာမှာပါ။ ဒါကြောင့် ပို့စ်သိပ်မပေးတတ်တဲ့သူတွေအတွက် ကောင်းကင်ပါအောင် ဓာတ်ပုံရိုက်တဲ့အခါမှာ အသုံးဝင်စေမယ့် ပို့စ်အိုင်ဒီယာတွေကို မျှဝေပေးလိုက်ပါတယ်။

ဒီပုံလေးဆိုရင် ဆွဲဆောင်မှုရှိပြီး အရမ်းလှပါတယ်။ သူများထက်ဆန်းတဲ့ပုံလေးနဲ့ ကောင်းကင်ပါအောင် ရိုက်ချင်ရင် ဒီလိုလေးရိုက်ကြည့်နော်။

Happy Vibes လေးအပြည့်အဝရစေမယ့် ပို့စ်ပေးနည်းလေးပါ။ Rooftop တွေမှာဆိုရင် ဒီလိုလေးရိုက်ကြည့်နော်။

မျက်နှာလေးပေါ်အောင် အနီးကပ်ရယ်နေတဲ့ ဒီလိုပုံလေးတွေကလည်း အရမ်းလှတာမို့ ရိုက်ကြည့်နော်။

Body Shape ပေါ်တဲ့ ဖက်ရှင်လေးတွေဝတ်ထားပြီး ရိုက်တဲ့အခါမှာတော့ အောက်ကနေ ဒီလိုလေးပင့်ရိုက်တာက ပိုလှပါတယ်။ Body Shape လည်း ပိုပြီးပေါ်လွင်စေပါတယ်။

ဒီလိုပုံလေးရိုက်ရင် ရိုက်ပေးမယ့်သူမလိုပဲ တစ်ယောက်ထဲ ဖုန်းထောင်ပြီးရိုက်လို့တောင် ရပါတယ်။

လက်ထဲမှာ ပန်းလေးတွေရှိရင် ဒီပုံလေးအတိုင်း ရိုက်ကြည့်နော်။ ချစ်ဖို့ကောင်းပြီး လှလည်းလှပါတယ်။

မျက်နှာမပေါ်ချင်တဲ့သူတွေဆိုရင် စာအုပ်နဲ့ ဒီလိုလေးရိုက်ကြည့်ပါ။ မျက်နှာဘေးဘက်လေးတွေပေါ်အောင် ဆံပင်ကို စည်းထားဖို့တော့ မမေ့နဲ့နော်။

ဒီပို့စ်လေးဆိုလည်း လွယ်ကူပါတယ်။ ကောင်းကင်လည်း သေချာပါတာကြောင့် ရိုက်ကြည့်သင့်ပါတယ်။

မျက်နှာအနီးကပ်ပေါ်တဲ့ပုံလေးတွေ Aesthetic ဆန်တာလေးတွေ ရိုက်ချင်တယ်ဆိုရင်တော့ ဒီပို့စ်လေးတွေအတိုင်းသာ ပို့စ်ပေးကြည့်ပါ။ အရမ်းလည်းလှပါတယ်။

Photo source:www.pinterest.com