ဒီတစ်ခါမှာတော့ အတိုဝတ်ရတာကြိုက်တဲ့ လူငယ်ကောင်မလေးတွေအတွက် inspired ယူပြီး ချုပ်ဝတ်လို့ရမယ့် စကပ်ဒီဇိုင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ ကိုယ်တိုင်ချုပ်ဝတ်ချင်ပေမယ့် ဘယ်လိုပုံစံချုပ်ရမလဲဆိုတာကို စဉ်းစားရခက်နေတဲ့သူတွေအတွက်လည်း အသုံးဝင်မှာပါ။

စကပ်ကို ဗြောင်လေးတွေချုပ်မယ်ဆိုရင် ဒီလို ကြိုးချည်ရတဲ့ပုံစံလေးတွေ ချုပ်ကြည့်ပါ။ အရမ်းချစ်ဖို့ကောင်းပြီး ဘယ်လိုအင်္ကျီနဲ့ပဲတွဲဝတ်ဝတ် လိုက်ဖက်ပါတယ်။

အပွင့်လေးတွေချုပ်မယ်ဆိုရင် ဒီလိုအတွန့်လေးတွေနဲ့ ကြိုးချည်ပုံစံလေး ချုပ်လို့ရပါတယ်။ ဒီပုံစံလေးတွေကတော့ လုံးဝကို cute type ဖြစ်ပြီး လူငယ်ဆန်စေပါတယ်။

အခုနောက်ပိုင်းမှာဆိုရင် စကပ်ကို ရှုံ့ကြိုးဆွဲလို့ရတဲ့ပုံစံလေးက အရမ်းခေတ်စားနေတာကြောင့် ဒီလိုလေးလည်း ချုပ်လို့ရပါတယ်။ body shape ပေါ်ပြီး ချစ်ဖို့ကောင်းပါတယ်။

ရှုံ့ကြိုးကို ဒီလိုနှစ်ဖက်လုံးထည့်ပြီးတော့လည်း ချုပ်လို့ရပါတယ်။ ဒီပုံစံလေးဆိုလည်း ဝတ်လိုက်ရင် sexy ကျပြီး ချစ်ဖို့လည်းကောင်းပါတယ်။ ဒါ့အပြင် ပုံစံနှစ်မျိုးလည်း ဝတ်လို့ရပါတယ်။

အခုနောက်ပိုင်းမှာ အရမ်းအဝတ်များနေတဲ့ စကပ်ပုံလေးပဲ ဖြစ်ပါတယ်။ ရှေ့နားမှာအခွဲလေးနဲ့မို့ ဝတ်လိုက်ရင် အရမ်းလှပါတယ်။ ဒီလိုအခွဲကိုမှ အကျပ်လေးလည်း ချုပ်လို့ရသလို နည်းနည်းကားသွားတဲ့ပုံစံလေးလည်း ချုပ်လို့ရပါတယ်။

အခုနောက်ပိုင်းမှာ mini စကပ်ကိုမှ ရှေ့ခွဲလေးတွေနဲ့ ခေတ်စားနေတာပါ။ ဒါကြောင့် အခွဲကို နှစ်ဖက်လုံးခွဲပြီးတော့ချုပ်ရင်လည်း လှပါတယ်။

ဒီစကပ်ပုံစံလေးဆိုရင် အရမ်းလှပါတယ်။ ကိုယ်ကျပ်ဗြောင်လေးတွေနဲ့သာ တွဲဝတ်လိုက်ရင်တော့ perfect ဖြစ်နေမှာပါ။

ဒါလေးကျတော့ ရိုးရိုးရှင်းရှင်းလေးနဲ့ အောက်နားမှာမှ အတွန့်လေးတွေလုပ်ထားတာမို့ အရမ်းချစ်ဖို့ကောင်းပါတယ်။ လူငယ်ကောင်မလေးတွေနဲ့ အရမ်းလိုက်ဖက်တဲ့ ဒီဇိုင်းလေးပါ။

စကပ်ကို ဒီဇိုင်းဆန်းတာလေးချုပ်ချင်ရင်တော့ ဒီလိုလေးလည်း ချုပ်လို့ရပါတယ်။ အရမ်းချစ်စရာကောင်းပြီး လူငယ်ဆန်ပါတယ်။

စကပ်အကားလေးတွေ၊ အထပ်လေးတွေ ကြိုက်ရင်တော့ ဒီစကပ်ပုံစံလေးကိုသာ ချုပ်ဝတ်ပါ။ အရမ်းချစ်စရာကောင်းပါတယ်။

Photo source:www.pinterest.com