ညဘက်အိပ်တဲ့အခါ အိပ်ရာဝင်တိုင်း ညအိပ်ဝတ်စုံဟောင်းဝတ်ရတာ ပျင်းနေပြီလား? စတိုင်ကျပြီး သက်တောင့်သက်သာရှိတဲ့ တစ်ခုခုနဲ့ အဆင့်မြှင့်တင်ဖို့ အချိန်တန်ပါပြီ။ တမူထူးခြားပြီး သက်တောင့်သက်သာရှိတဲ့ Sleep Tees တွေက စတိုင်ကျပြီး သက်တောင့်သက်သာ အိပ်ပျော်စေပါတယ်။ ဒါဆိုဘာကြောင့် Sleep Tees တွေကို ရွေးချယ်သင့်သလဲ ?

သက်တောင့်သက်သာရှိစေတယ်

ည၀တ်ဝတ်တဲ့အခါ သက်တောင့်သက်သာရှိဖို့က အဓိကအချက်ပါ။ အိပ်ပျော်နေချိန်မှာ အပူဒဏ်ကို သက်သာစေဖို့ လိုအပ်ပါတယ်။

ဝတ်ရတာလွယ်ကူစေတယ်

ဒီညဝတ်အင်္ကျီကို ဝတ်တဲ့အခါ အလွယ်တကူ ၀တ်ဆင်နိုင်ပါတယ်။ ရိုးရှင်းပြီး အလွယ်တကူ ဝတ်ရတာကို ကြိုက်တဲ့သူတွေအတွက်တော့  Sleep Tees က အသင့်တော်ဆုံးပါ။

စတိုင်ကျစေပါတယ်

ညအဝတ်အစားတွေနဲ့ ပတ်သက်လာရင် စတိုင်လ်ကျဖို့ မလိုအပ်ပါဘူး။ ဒါပေမယ့်  Sleep Tees တွေကတော့ ညအိပ်အတွက်သာမက အိမ်မှာနေတဲ့အခါမှာလည်း စတိုင်ကျပြီး အေးအေးဆေးဆေးနဲ့ လှှလှပပ အနားယူနိုင်ပါတယ်။

စိတ်သက်သာရာရစေပါတယ်

သင်က သေးသေးလေးပဲဖြစ်ဖြစ် အရွယ်အစားပိုကြီးတာပဲဖြစ်ဖြစ် Sleep Tees သင့်ကို စိတ်မပျက်စေဘဲ ယုံကြည်မှုရှိစေမှာဖြစ်ပြီး အဲဒါတွေက လုံးဝကို ခံစားချက်ကို ပြောင်းလဲစေမှာပါ။

ကုန်ကျစရိတ်သက်သာစေပါတယ်

Sleep Tees တွေက ပေါ့ပါးပြီး ပျော့ပျောင်းတာရှည်ခံတဲ့ အရည်အသွေးမြင့် ချည်သားတွေနဲ့ ပြုလုပ်ထားတာကြောင့် ဂရုတစိုက်နဲ့သေချာလျှော်မယ်ဆို အကြာကြီးအသုံးခံတာကြောင့် အကုန်ကျသက်သာပါတယ်။