ပိန်ပိန်သေးသေးလေးတွေအတွက် ခြေမျက်စိအထက်ရောက်တဲ့ skinny jean ဖက်ရှင်တွေကို ဖော်ပြပေးလိုက်ပါတယ်။ အတိုမဝတ်တဲ့သူတွေအတွက်လည်း ဒီဖက်ရှင်လေးတွေက အရမ်းအဆင်ပြေပါတယ်။ ဒါ့အပြင် ခြေမျက်စိအထက်ရောက်တဲ့ skinny jean တွေက ဝတ်လိုက်ရင် ပေါ့ပါးမှုရှိတဲ့ပုံစံလေးလည်း ဖြစ်စေပါတယ်။

Skinny jean တွေကို တီရှပ်အပွတွေနဲ့တွဲဝတ်ပြီး ခါးကိုဒီလိုလေးစည်းထားလိုက်ရင် အထာကျကျနဲ့ freestyle ပုံစံလေး ဖြစ်စေပါတယ်။

Skinny jean တွေကို ကြိုးတစ်လုံးလေးတွေနဲ့ တွဲဝတ်လိုက်ရင် အရမ်းမိုက်ပြီးလှပါတယ်။ ဒီတိုင်းမဝတ်ချင်ရင် အပေါ်ကနေ flannel shirt (သို့) အပေါ်ထပ်အင်္ကျီလေးတွေ ထပ်ဝတ်လို့လည်းရပါတယ်။

အခုနောက်ပိုင်းခေတ်စားနေတဲ့ crop top တီရှပ်အပွလေးတွေကို skinny jean တွေနဲ့တွဲဝတ်လိုက်ရင် လုံးဝကိုပေါ့ပါးတဲ့ freestyle ပုံစံလေး ဖြစ်သွားမှာပါ။

ကိုရီးယားဆန်တာမျိုးလေးကြိုက်ရင်တော့ skinny jean လေးတွေကို cardigan အရောင်နုနုလေးတွေနဲ့သာ တွဲဝတ်လိုက်ပါ။ အရမ်းချစ်ဖို့ကောင်းပါတယ်။

Skinny jean တွေကို မိန်းကလေးဆန်တဲ့ floral အင်္ကျီလေးတွေ၊ လက်ဖောင်းလေးတွေနဲ့ တွဲဝတ်လိုက်ရင် အရမ်းချစ်ဖို့ကောင်းပါတယ်။ လုံလုံခြုံခြုံလေးနဲ့ လှချင်ရင်တော့ ဒီဖက်ရှင်လေးကိုသာ ရွေးချယ်ပါ။

Skinny jean အဖြူတွေကို shoulder off အင်္ကျီလေးတွေနဲ့တွဲဝတ်ရင်လည်း အရမ်းလိုက်ဖက်ပြီး လှပါတယ်။ မိန်းကလေးဆန်တာလေးတွေ၊ shoulder off လေးတွေကြိုက်ရင်တော့ ဒီဖက်ရှင်လေးက မရှိမဖြစ်ပါပဲ။

ရိုးရှင်းတဲ့ဖက်ရှင်လေးတွေကြိုက်ရင်တော့ skinny jean ကို top အဖြူလေးတွေနဲ့သာ တွဲဝတ်ပါ။ ဘယ်တော့မှရိုးမသွားပဲ အမြဲလှနေမယ့် ဖက်ရှင်လေးပါပဲ။

Skinny jean တွေကို polo shirt လေးတွေ၊ ကိုယ်ကျပ်လေးတွေနဲ့ တွဲဝတ်လိုက်ရင်လည်း ရိုးရိုးလေးနဲ့ ချစ်ဖို့ကောင်းပါတယ်။ သူက ဘာမှထွေထွေထူးထူး စဉ်းစားနေစရာမလိုတဲ့ outfit မျိုးပါ။

Skinny jean တွေကို bodyfit top မျိုးစုံနဲ့ တွဲဝတ်လို့လည်းရပါတယ်။ ဒီဖက်ရှင်လေးကျတော့ ခန္ဓာကိုယ်အချိုးအစားပေါ်လွင်စေလို့ ပိုပြီးလှပါတယ်။

photo source:www.pinterest.com