မင်္ဂလာပါနော်။ ဘာမှမလိမ်းဘဲနဲ့တောင် Glow နေတဲ့ အသားအရေကြည်ကြည်လေးကို ပျိုမေတိုင်း လိုချင်ကြမှာပါ။ ဒါပေမယ့် သင်က လက်ရှိမှာ Stress များတာ၊ အိပ်ရေးမဝတာ စတဲ့အကြောင်းအမျိုးမျိုးကြောင့် အသားအရောင်မွဲခြောက်နေသလို ခံစားနေရရင် ဒီဆောင်းပါးမှာပါတဲ့နည်းတွေက သင့်အတွက်အသုံးဝင်မှာပါ။ ဒီတစ်ခေါက်မှာ ပျိုမေတို့အတွက် တစ်ပတ်လောက်အချိန်ပေးယုံနဲ့ Glow Skin လေးပြန်ရအောင် ထိန်းသိမ်းနိုင်မယ့်နည်းတွေကို မျှဝေပေးလိုက်ပါတယ်။

Cleansing သေချာလုပ်ပါ


အသားအရေညစ်တာတွေပျောက်ဖို့ မျက်နှာသန့်စင်တဲ့အဆင့်က အရေးကြီးပါတယ်။ အဆီပြန်အသားအရေရှိတဲ့သူတွေက Tea Tree ၊ Salicylic ၊ Glycolic နဲ့ Lactic အက်စစ်အခြေခံတဲ့ Cleanser ထုတ်ကုန်တွေကို ရွေးချယ်ပေးသင့်ပြီး အသားခြောက်တတ်တဲ့သူတွေက အဆီပါတဲ့ မျက်နှာသစ်ဆေး ဒါမှမဟုတ် Cleansing Cream တွေကို သုံးသင့်ပါတယ်။ Sensitive ဖြစ်တတ်တဲ့သူတွေအတွက်တော့ Miceller Water ကအဆင်ပြေပါတယ်။

Toner နဲ့ Moisturizer တစ်နေ့နှစ်ကြိမ်လိမ်းပါ


မမြင်ရဘဲကျန်နေတတ်တဲ့ မျက်နှာပေါ်ကအညစ်အကြေးတွေပြောင်ဖို့ Toner သုံးရပါမယ်။ Glow Skin အတွက် မျက်နှာအစိုဓာတ်ပြည့်နေဖို့လည်း အရေးကြီးတာမို့ ကိုယ့် Skin Type နဲ့အဆင်ပြေတဲ့ Moisturizer နဲ့ Toner တို့ကို တစ်နေ့နှစ်ကြိမ် မျက်နှာသစ်ပြီးတိုင်း တွဲလိမ်းပေးပါ။

Sunscreen ပုံမှန်လိမ်းပါ


အရေးအကြောင်းနဲ့ အမဲစက်တွေမရှိတဲ့ တင်းတင်းရင်းရင်းမျက်နှာလေးရဖို့ Sunscreen သုံးပေးပါ။ အိမ်နေရင်းနဲ့လည်း လိမ်းဖို့လိုအပ်သလို နေပူထဲထွက်ရတဲ့သူတွေက မထွက်ခင် မိနစ် ၂၀ လောက်ကြိုလိမ်းပြီးမှ ထွက်သင့်ပါတယ်။ လိမ်းရတာပေါ့ပါးပြီး SPF ပါဝင်မှု ၃၀ အနည်းဆုံးရှိတဲ့ Sunscreen တွေသုံးသင့်ပါတယ်။

မိတ်ကပ်ပြောင်အောင် သန့်စင်ပါ


မိတ်ကပ်တွေချွေးပေါက်ထဲကျန်ခဲ့တာက နောက်ဆက်တွဲချွေးပေါက်ပိတ်၊ ပိုးဝင်ပြီး ဝက်ခြံထွက်လာမယ့် လမ်းစပါပဲ။ ညဘက်တွေ မိတ်ကပ်မပြောင်သေးဘဲ အိပ်မိရင် ပိုဆိုးမှာပါ။ သင်အနေနဲ့ ပုံမှန်မိတ်ကပ်လိမ်းတတ်တဲ့သူဆိုရင် ပြောင်အောင်သေချာသန့်စင်ဖို့ မမေ့ပါနဲ့။

အစားအသောက်သေချာရွေးချယ်ပါ


ကိုယ်စားသမျှက အသားအရေပေါ်သက်ရောက်တာမို့ အစားအသောက်ရွေးချယ်မှုကို ဂရုစိုက်ပေးပါ။ အဆီနဲ့ အချိုများတာတွေရှောင်ပြီး Vitamin ကြွယ်ဝကာ လတ်ဆတ်တဲ့အသီးအရွက်တွေ များများစားဖို့လိုပါတယ်။ ကိုယ်တွင်းအဆိပ်အတောက်ပျယ်ပြီး အသားကြည်လာဖို့ ရေများများသောက်တဲ့အကျင့်လုပ်ပေးဖို့လည်း မမေ့သင့်ပါဘူး။

သဘာဝနည်းတွေနဲ့ ပေါင်းတင်နိုင်ပါတယ်


အချို့သဘာဝနည်းတွေက တကယ်တမ်းထိရောက်တာမို့ သင့်ကိုအကုန်အကျနည်းနည်းနဲ့ မျက်နှာလေး Glow လာအောင် ကူညီပေးမှာပါ။ ဥပမာအနေနဲ့ သင်္ဘောသီး၊ ရှားစောင်းလက်ပက်၊ သခွားသီး၊ ကီဝီနဲ့ ခရမ်းချဉ်သီးတို့လို သဘာဝအသီးတစ်မျိုးသုံးပြီး ပေါင်းတင်ကြည့်ပါ။ Dry Skin ပြဿနာတွေသက်သာပြီး အသားအရေစိုပြေကာ Glow လာပါလိမ့်မယ်။

လေ့ကျင့်ခန်းလုပ်ပေးပါ


လေ့ကျင့်ခန်းလုပ်ပေးတာက ခန္ဓာကိုယ်ထဲကအဆိပ်အတောက်တွေ ချွေးနဲ့အတူပါသွားတာမို့ အပူစင်ကာ အသားကြည်လာစေပါတယ်။ Stress ဟော်မုန်းလည်း လျော့စေတာမို့ တစ်နေ့မှာ မိနစ် ၃၀လောက် အချိန်ပေးပြီး ချွေးထွက်သွားအောင် လှုပ်ရှားပေးပါ။

Photo Source: Pinterest

By MyStyle Myanmar