အသားအရေပိုကောင်းပြီး Glow Skin မျိုးရချင်တဲ့သူတွေအတွက် အမြဲတမ်းဂရုစိုက်ပြီး ပုံမှန်လုပ်ပေးရမယ့် အသားအရေထိန်းသိမ်းနည်းတွေကို မျှဝေပေးလိုက်ပါတယ်။ Skincare တစ်ခုထဲသုံးနေရုံနဲ့မရပါဘူး။ တခြားအရာတွေကိုလည်း ဂရုစိုက်ပေးမှ အသားအရေက သိသိသာသာပြောင်းလဲပြီး အရင်ထက်ပိုကောင်းလာမှာ၊ Glow လာမှာပါ။

ရေများများသောက်ပါ

ရေများများသောက်ပေးမှ အသားအရေစိုပြည်ပြီး ကြည်လာမှာပါ။ ရေသောက်နည်းရင် အသားညစ်ပြီး အသားခြောက်တာမျိုးတွေ ဖြစ်လာပါမယ်။ အဲ့လိုဖြစ်နေရင် Skincare ဘယ်လောက်သုံးသုံး အသားအရေကညစ်နေမှာပါ။ ဒါကြောင့် ရေသာများများသောက်ပါ။

အိပ်ရေးဝအောင်အိပ်ပါ

အိပ်ရေးဝဝအိပ်ပေးခြင်းက အသားအရေတင်းရင်းစေပါတယ်။ အိပ်ချိန်လုံလောက်မှုမရှိတာ၊ အိပ်ချိန်မမှန်တာ၊ အိပ်ရေးပျက်တာတွေ ဖြစ်နေမယ်ဆိုရင်တော့ Breakouts တွေထွက်ပြီး အသားအရေညစ်နွမ်းလာမယ်၊ အရေးအကြောင်းတွေ ပေါ်လာပါမယ်။

Moisturizer ပုံမှန်လိမ်းပါ

အသားအရေကြည်ပြီး Glow ချင်တယ်၊ အသားအရေပိုကောင်းလာချင်တယ်ဆိုရင် အရင်ဆုံး ရေဓာတ်ပြည့်ဝနေအောင် လုပ်ရပါမယ်။ ရေဓာတ်ပြည့်ဝနေရင် အသားအရေကြည်ပြီး Glow လာမှာပါ။ ဒါကြောင့် Moisturizer သေချာလိမ်းပါ။ Serum ကောင်းကောင်းသုံးပါ။

နေ့တိုင်း Sunscreen လိမ်းပါ

နေ့တိုင်း Sunscreen လိမ်းပေးရင် အသားအရေထိခိုက်ပျက်စီးမှု နည်းပါမယ်။ Sunscreen မလိမ်းရင်တော့ အသားအရေပျက်စီးပြီး မွဲညစ်လာမယ်၊ အရေးအကြောင်းတွေ၊ အမဲစက်တွေ၊ တင်းတိတ်တွေ ပေါ်လာပါမယ်။

Exfoliate ပုံမှန်လုပ်ပါ

တစ်ပတ်တစ်ခါ Exfoliate ပုံမှန်လုပ်ပေးပါ။ ဒါမှ ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး Skincare တွေကိုလည်း သေချာစုပ်ယူနိုင်မှာပါ။ အသားအရေလည်းကြည်ပြီး Bright ဖြစ်လာမှာပါ။

Sheet Mask ကပ်ပါ

အသားအရေသိသိသာသာကောင်းပြီး Glow ချင်တယ်ဆိုရင်တော့ အနည်းဆုံး တစ်ပတ်ကို ၃ ရက်လောက်တော့ Sheet Mask ကပ်ပေးပါ။ ရေဓာတ်ပြည့်ဝပြီး အသားအရေသိသိသာသာ ကြည်လာပါလိမ့်မယ်။

Cleansing သေချာလုပ်ပါ

ဘယ်လောက်ပဲ Skincare လုပ်လုပ် Cleansing သေချာမလုပ်ရင် ဘာမှမထူးပါဘူး။ Breakouts တွေထွက်လာတာပဲ ရှိပါလိမ့်မယ်။ ဒါကြောင့် မျက်နှာသစ်ဆေးနဲ့ တန်းမသစ်ပဲ Cleansing သေချာလုပ်ပါ။ ပြီးမှ မျက်နှာသစ်ဆေးနဲ့သစ်ပါ။

Skincare အစုံလျှောက်မသုံးပါနဲ့

သူများပြောသမျှ၊ ကောင်းတယ်ပြောသမျှ Skincare တွေကို အစုံလိုက်သုံးနေရင် ပိုက်ဆံကုန်တာပဲရှိပါတယ်။ ကိုယ့်အသားအရေနဲ့ အဆင်ပြေတာမျိုးကို ရွေးသုံးပြီး အဆင်ပြေရင်၊ Result ကောင်းလာရင် ဒါပဲစွဲသုံးပါ။

ဆေးလိပ်မသောက်ပါနဲ့

ဆေးလိပ်သောက်တာက အသားအရေကိုလည်း ထိခိုက်စေပါတယ်။ အထူးသဖြင့် Smile Lines တွေပေါ်လာပြီး အရေးအကြောင်းတွေ မြန်မြန်ပေါ်လာမယ်၊ အိုမင်းရင့်ရော်ခြင်းတွေ မြန်မြန်ဖြစ်လာပါမယ်။