နွေရာသီမှာဆိုရင် အသားအရေက ပိုပြီးတော့ ပျက်စီးလွယ်ပါတယ်။ အသားမဲတာတစ်ခုထဲတင်မဟုတ်ပဲ အသားအရေလည်း ထိခိုက်ပျက်စီးစေပါတယ်။ အထူးသဖြင့် ကမ်းခြေ (သို့) ရေကူးကန်သွားတဲ့အခါမှာဆိုရင် ပိုပြီးတော့ ဂရုစိုက်ပေးသင့်ပါတယ်။ ဒါကြောင့် နွေရာသီမှာ ကမ်းခြေ (သို့) ရေကူးကန်သွားတဲ့အခါမှာ လုပ်ပေးရမယ့် Skincare Tip တွေကို ပြောပြပေးလိုက်ပါတယ်။

ရေထဲမဆင်းခင်အချိန်မှာလုပ်ပေးရမယ့် Skincare Tip ကတော့ နှစ်မျိုးပဲရှိပါတယ်။

Sunscreen စောစောကြိုလိမ်းပေးပါ

ဆင်းခါနီးမှလိမ်းပြီးတော့ ချက်ချင်းရေထဲတန်းဆင်းတာမျိုး မလုပ်ပဲနဲ့ Sunscreen ကို စောစောကြိုလိမ်းပေးပါ။

Lip Sunscreen သုံးပါ

နှုတ်ခမ်းသားမပျက်စီးအောင် နှုတ်ခမ်းကိုလည်း Lip Sunscreeen, Sun Balm ဆိုးပေးဖို့မမေ့ပါနဲ့။

ရေဆော့နေတဲ့အချိန်နဲ့ ရေကူးနေတဲ့အချိန်တွေမှာ လုပ်ပေးရမယ့် Skincare Tip လည်း ရှိပါတယ်။

Sunscreen ထပ်ထပ်လိမ်းပါ

ရေဆော့တာကြာတယ်ဆိုရင် 1 နာရီခြားတစ်ခါ Sunscreen ထပ်လိမ်းပေးပါ။ ရေဓာတ်ဖြည့်ပေးဖို့ ရေလည်းသောက်ပါ။

ရေဆော့ပြီးတဲ့အချိန်၊ ရေကူးပြီးတဲ့အချိန်မှာ လုပ်ပေးရမယ့် Skincare Tip တွေလည်း ရှိပါသေးတယ်။

Chlorine/Saltwater တွေပြောင်အောင်ဆေးချပါ

Chlorine/Saltwater တွေပြောင်အောင် သေချာဆေးကြောပြီး ရေချိုးပါ။ ရေမချိုးပဲ ဆေးကြောရုံပဲ မလုပ်ပါနဲ့။ ပြီးရင်တော့ Skin ကို သေချာရေခြောက်အောင်သုတ်ပါ။

Moisturizer လိမ်းပါ

အားလုံးပြီးပြီဆိုရင် လုံးဝမမေ့မလျော့ လုပ်ပေးရမှာက Moisturizer သေချာပြန်လိမ်းဖို့ပါပဲ။ ရေဓာတ်သေချာဖြည့်ပေးမယ့် Moisturizer or Lotion ကို သေချာလိမ်းပေးပါ။ မျက်နှာကိုလည်း သေချာသန့်စင်ပြီး Skincare သေချာလိမ်းပေးပါ။