မင်္ဂလာပါနော်။ ဝက်ခြံတွေ အဖုအထစ်တွေမရှိဘဲ ကြည်လင်စိုပြေတဲ့ အသားအရေကို လူတိုင်းပိုင်ဆိုင်ချင်ကြပါတယ်။

မပူပါနဲ့။ ဒီတခါမှာ ကြည်လင်စိုပြေတဲ့အသားအရေကို အမြန်ဆုံးပိုင်ဆိုင်နိုင်မယ့် နည်းလမ်းကောင်းလေးတွေကို မျှဝေပေးသွားတော့မှာပါ။

ပုံမှန်သန့်ရှင်းပါ

မနက်အိပ်ရာထချိန်တစ်ကြိမ်၊ ညအိပ်ယာမဝင်ခင်တစ်ကြိမ် မျက်နှာသစ်ပါ။ အပြင်ကပြန်လာတဲ့အချိန်မှာလည်း မိတ်ကပ်ဖျက်ပြီး မျက်နှာသစ်ပေးပါ။

နေ့စဉ် တကိုယ်ရည်သန့်ရှင်းရေးဂရုစိုက်ပါ

ရေပုံမှန်ချိုးတာဟာ အသားအရေကို ကျန်းမာစေပါတယ်။ ရေချိုးတဲ့အခါ ရေအရမ်းပူတာ အရမ်းအေးတာမျိုးမဟုတ်ဘဲ ရေနွေးနွေးလေးနဲ့ ချိုးပေးပါ။

ခပ်ဖွဖွသုတ်ပေးပါ

ကြည်လင်စိုပြေတဲ့ အသားအရေကို အမြန်ဆုံးပိုင်ဆိုင်နိုင်မယ့် အသားအရေထိန်းသိမ်းနည်း (၁၂) ချက်

ရေချိုးပြီး၊ မျက်နှာသစ်ပြီးရင် တဘက်နဲ့ခပ်ဖွဖွလေး သုတ်ပေးပါ။ ခပ်ကြမ်းကြမ်းမသုတ်ပါနဲ့။

ဝက်ခြံတွေကို ကုသပါ

ဝက်ခြံပေါက်လာတဲ့အခါ မျက်နှာကိုခဏခဏမထိပါနဲ့။ ဝက်ခြံအမြန်ဆုံးမှည့်ပြီး သက်သာအောင် သွားတိုက်ဆေး လိမ်းပေးလိုက်ပါတယ်။ ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်တွေပျောက်အောင်လည်း နေ့စဉ် ပျားရည်လေးနဲ့ အနာရွတ်ပေါ်လိမ်းပေးပြီး နာရီဝက်ထားကာ ရေဆေးချပါ။

တစ်ပတ်တစ်ခါ အသားအရေကို ကြေးချွတ်ပေးပါ

သင့်အသားအရေကို တစ်ပတ်တစ်ခါ ပုံမှန်ကြေးချွတ်ပေးပါ။ သကြားနဲ့ ပျားရည် (သို့) သကြားနဲ့ သံပယိုရည် ရောပြီး မျက်နှာကို သေချာလေး ပွတ်တိုက် ပေးပါ။ သကြားနဲ့ ကော်ဖီမှုန့်အကြမ်းကိုလည်း သုံးနိုင်ပါတယ်။ မျက်နှာအပြင် ခန္ဓာကိုယ်တစ်ခုလုံးကို လိမ်းပေးနိုင်ပါတယ်။ ၁၅ မိနစ်လောက်ထားပြီး ရေဆေးချလိုက်ပါ။

နေ့စဉ် Moisturizer လိမ်းပါ

အဆီပြန်တဲ့အသားအရေဖြစ်ဖြစ် အသားအရေကို စိုပြေအောင် Moisturizer လိမ်းပေးဖို့လိုအပ်ပါတယ်။ ဆောင်းရာသီမှာဆို ပိုပြီးပျစ်တဲ့ Moisturizer လိမ်းပေးပြီး နွေရာသီမှာဆိုရင် Moisturizer ခပ်ပါးပါးကို လိမ်းပေးပါ။

မိတ်ကပ်ကို Brush နဲ့လိမ်းပါ

မိတ်ကပ်လိမ်းတဲ့အခါ လက်နဲ့မလိမ်းဘဲ Brush (သို့) မိတ်ကပ်လိမ်းတဲ့ ဖော့နဲ့ လိမ်းပေးပါ။

မိတ်ကပ်Brush တွေကိုပုံမှန်သန့်ရှင်းပါ

မိတ်ကပ် Brush တွေကို တစ်ပတ် ၁ ကြိမ် ဆေးပေးသင့်ပါတယ်။ သင့်ရဲ့ မိတ်ကပ်လိမ်းတဲ့ပစ္စည်းတွေ မသန့်ရင်လည်း အသားအရေယားယံတာမျိုး နီတာမျိုးဖြစ်စေနိုင်ပါတယ်။

အဖုတွေကို ခဏခဏ ညစ်ပေးခြင်းမှရှောင်ပါ

ဝက်ခြံပေါက်လာတဲ့အခါ ခဏခဏ မညှစ်ပေးပါနဲ့။ ခဏခဏ ထိတွေ့ကိုင်တွယ်တာမျိုးမလုပ်သင့်ပါဘူး။ ဝက်ခြံအစေ့လေး ထွက်သွားရင် သူ့ဘာသာသူ သက်သာသွားပါလိမ့်မယ်။ ဝက်ခြံကို လက်နဲ့ညှစ်တာ ဘက်တီးရီးယားတွေ ပိုပြီးပျံ့စေပြီး အသားအရေကို ပျက်စီးစေပါတယ်။

ရေ ၈ ခွက်သောက်ပါ

တစ်နေ့ကို ရေ ၈ ခွက်ပုံမှန်သောက်ပေးပါ။ ဒါ့အပြင် ရေဓာတ်ကြွယ်ဝတဲ့ အသီးအနှံတွေ များများစားပေးပါ။ ဒီလိုလုပ်ပေးရင် အသားအရေကို ကြည်လင်စိုပြေစေမှာ မလွဲပါပဲ။

တစ်ပတ်တစ်ကြိမ်ပေါင်းတင်မယ်

တစ်ပတ်ကို ၁ ကြိမ်အနည်းဆုံး ပေါင်းတင်ပေးပါ။ ပေါင်းတင်တဲ့ Mask နဲ့လည်း ပေါင်းတင်ပေးလို့ရပါတယ်။ သဘာဝအတိုင်း မိမိဘာသာလုပ်ပြီးလည်း ပေါင်းတင်ပေးနိုင်ပါတယ်။

အိပ်ရာခင်း ခေါင်းအုံးအစွပ်တွေကို ပုံမှန်လဲပါ

၁ လကိုတစ်ကြိမ်လောက်တော့ အိပ်ယာခင်း ခေါင်းအုံးအစွပ်တွေကို လဲပေးပါ။ မနက်ခင်းမှာလည်း မကြာခဏ ခါပေးပါ။