ဂျပန်မလေးတွေကိုကြည့်လိုက်ရင် အသားအရေလေးတွေက စိုပြေပြီးတင်းရင်းနေတာပါပဲ။ ဒီလိုမျိုး အသားအရေမျိုးကို ပိုင်ဆိုင်ရတယ်ဆိုတာကလည်း ထိန်းသိမ်းမှုတွေကိုသေချာလေးလုပ်လို့ပေါ့။ အလှအပကိုစိတ်ဝင်စားတဲ့မိန်းကလေးတိုင်း သူတို့ဆီကနေပြီး အတုယူသင့်တဲ့ နည်းလမ်းကောင်းတစ်ချို့ကိုဖော်ပြပေးလိုက်ပါတယ်နော်။

စားသောက်မှုစနစ်ကိုပြန်လည်စီစစ်ပါ

ဂျပန်လူမျိုးတွေရဲ့ အကျင့်တစ်ခုက သူတို့စားလိုက်တဲ့အစားစာတိုင်းက ခန္ဓာကိုယ်အတွက် အကျိုးရှိစေမယ့်အရာမျိုးတွေကိုပဲ စားသုံးကြတာများပါတယ်။ ကျန်းမာရေးကောင်းစေမယ့် အစားစာမျိုးတွေကို များများစားလေ အလှအပအတွက် ကောင်းကျိုးတွေများလေလို့ သတ်မှတ်ထားတာဖြစ်တာကြောင့် ရိုးရှင်းပြီးထိရောက်တဲ့နည်းလမ်းလေးပဲဖြစ်ပါတယ်။

ရေနွေးကြမ်းကိုလည်းလိုအပ်ပါတယ်

ဂျပန်လူမျိုးတွေအတွက် ရေနွေးကြမ်းကအဓိကနေရာကနေ ပါဝင်နေပါတယ်။ ကျန်းမာရေးအတွက်ရော၊ အသားအရေလှပဖို့အတွက်ပါ အရေးပါနေတာကြောင့် နေ့တိုင်းအတွက်မရှိမဖြစ်ပဲပေါ့။ ရေနွေးကြမ်းက ခန္ဓာကိုယ်ထဲမှာရှိတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပြီး အသားအရေကိုလည်း ကြည်လင်လာစေတာကြောင့် အမြဲတမ်းသောက်ဖြစ်နေတာပေါ့။

ဆန်ကလည်းအကျိုးသက်ရောက်မှုရှိပါတယ်

အာရှလူမျိုးတွေက ဆန်ကိုအဓိကထားပြီးစားတာဆိုတော့ ဆန်ကနေပြီးရရှိတဲ့ အကျိုးရလဒ်တွေတော်တော်များများကိုလည်း ဂျပန်လူမျိုးတွေက သိထားပြီးသားပါ။ ဆန်ဆေးရေကလည်း ဆံသားအတွက်ရော အသားအရေအတွက်ပါ အကျိုးကျေးဇူးတွေ အများကြီးပဲရရှိနေပါတယ်။ ဒါတွေကိုလည်း သူတို့ကသေချာအသုံးချတတ်ကြပါတယ်။

နေရောင်ခြည်ထိတွေ့မှုကိုရှောင်ကြတယ်

ဂျပန်မလေးတွေတော်တော်များများက အသားအရေကိုထိခိုက်ပျက်စီးလွယ်တဲ့ နေရောင်ခြည်ထဲကို သွားလာနေတာမျိုးတွေကို တတ်နိုင်သလောက်ရှောင်ပါတယ်။ မဖြစ်မနေအပြင်ထွက်ရမယ်ဆိုရင်လည်း နေလောင်ခံခရင်မ်တွေကို သေချာလိမ်းပြီးမှပဲ သွားကြတာများပါတယ်။

ဒီအချက်တွေကတော့ မိန်းကလေးတော်တော်များများအနေနဲ့ သူတို့ဆီကနေအတုယူပြီး အသားအရေထိန်းသိမ်းဖို့အတွက် လုပ်သင့်တဲ့အရာတွေဖြစ်တာကြောင့် သေချာလိုက်နာပြီး ထိန်းသိမ်းမှုတွေလုပ်မယ်ဆိုရင် ဂျပန်မလေးတွေလိုမျိုး လှပတဲ့အသားအရေမျိုးလေးတွေကို ရရှိပိုင်ဆိုင်လာမှာပဲဖြစ်ပါတယ်။

Photo Source: Pexels