Skincare ဆိုတာက ငယ်တုန်းကတည်းက လုပ်ထားနိုင်လေ ကောင်းလေပါပဲ့နော် ပျိုမေလေးတို့ရေ..အသက်ကြီးမှလုပ်မယ်ဆိုရင်တော့ လုပ်သလောက်မထိရောက်တော့ပါဘူး။ ဒါကြောင့်မို့လို့ မိန်းကလေးတစ်ယောက်အနေနဲ့ အသက် ၂၀ပတ်ချာလည်နားရောက်လာပြီဆိုရင် အသားအရေကို အသေအချာဂရုတစိုက်ထိန်းသိမ်းသင့်ပါနေပါပြီနော်။

အဲဒီအတွက် နှစ်ဆယ်ဝန်းကျင်ပျိုမေလေးတွေအနေနဲ့ အသားအရေ ကြည်လင်ကျန်းမာစိုပြေနေစေဖို့ ဒီ Skincare နည်းလေးတွေကို မဖြစ်မနေ လိုက်နာလုပ်ဆောင်သင့်တဲ့အတွက် မျှဝေပေးလိုက်ပါတယ်။

မိတ်ကပ်မဖျက်ဘဲ အိပ်ယာမဝင်ပါနဲ့

Source: Space NK

ကျွန်မတို့အသားအရေက ညဘက်အိပ်စက်ချိန်မှာမှ ပိုပြီးအသားအရေကိုပြန်လည်အားဖြည့်တာနဲ့ အပြောင်းအလဲတွေ လုပ်တာဖြစ်ပါတယ်။ အဲဒီလိုအချိန်မျိုးမှာ မိတ်ကပ်မဖျက်ဘဲအိပ်လိုက်မယ်ဆိုရင် ဆဲလ်သစ်တွေ မမွေးဖွားနိုင်တော့ဘဲ အသားအရေညစ်ညမ်းလာပါလိမ့်မယ်နော်။

အနေအထိုင် ဂရုစိုက်ပါ

Source: Tri-City Medical Center

အသားအရေကောင်းမကောင်းတာက မျိုးရိုးနဲ့လည်းဆိုင်ပါသေးတယ်။ ကိုယ့်မျိုးရိုးက အသားအရေအရမ်းကောင်းရင်တော့ ပုံမှန်လေးဂရုစိုက်ပေးရုံနဲ့ လုံလောက်တာပေါ့။ အဲဒီလိုမဟုတ်ဘဲ အသက် (၂၀) လောက်နဲ့ ဆေးလိပ်တွေ ဇွတ်သောက်နေမယ်ဆိုရင်တော့ နှစ်အနည်းငယ်လောက်အတွင်းမှာ အသက် (၃၀) အရွယ်နဲ့တူသွားပါလိမ့်မယ်။

Sunscreen ကိုလျှော့မတွက်ပါနဲ့

အသက် (၂၀) မှာ ခံထားရတဲ့ နေလောင်ဒဏ်တွေက အသက်ကြီးလာတဲ့အခါ ဇရာအနေနဲ့ပြန်ပေါ်လာပါလိမ့်မယ်။ Sunscreenကို အိမ်မှာနေလည်း လိမ်းပေးပါ။ ဖုန်းကထွက်တဲ့အလင်းရောင်တွေကလည်း အသားအရေထိခိုက်နိုင်တာမို့ပဲ ဖြစ်ပါတယ်။ နောက်တစ်ခုက ဖုန်းသုံးရင် မျက်နှာအောက်ငုံ့မသုံးပါနဲ့။ အသားအရေလျော့တွဲမြန်စေပါတယ်။

Exfoliateလုပ်ဖို့မမေ့ပါနဲ့

ဆဲလ်သေတွေဖယ်ရှားပြီး ဆဲလ်သစ်တစ်ဖန်ပြန်လည်မွေးဖွားနိုင်ဖို့ရာ Exfoliate လုပ်ဖို့လိုပါမယ်။ တစ်ပတ် (၂) ကြိမ်လောက်တော့ ပုံမှန်လုပ်ပေးသင့်ပါတယ်။

အစားအသောက် ဆင်ခြင်ပါ

Source: Popsugar

အသားအရေထိန်းသိမ်းတယ်ဆိုတာ SPF တွေ၊ Moisturizer တွေလိမ်းရုံလောက်နဲ့ မလုံလောက်ပါဘူး။ နေ့စဉ်ပုံမှန်စားနေကျအစားအသောက်နဲ့လည်း တိုက်ရိုက်ဆက်စပ်နေတာမို့ နေ့လည်နေ့ခင်းတွေမှာ ကော်ဖီသောက်မယ့်အစား Green Tea တစ်ခွက်လောက် ပုံမှန်သောက်ပေးပါ။ အသားအရေကြည်လင်လာပြီး ခုခံအားတွေတိုးလာပါလိမ့်မယ်။