တချို့က မျက်နှာထက်ကို Body က ပိုပြီး အသားခြောက်ပါတယ်။ ဒါကြောင့် Body Skin အရမ်းခြောက်တဲ့သူတွေအတွက် လိုအပ်တဲ့ အသားအရေထိန်းသိမ်းနည်းတွေကို ပြောပြပေးလိုက်ပါတယ်။ ရိုးရှင်းတဲ့အရာတွေပဲဖြစ်လို့ လူတိုင်းလုပ်ဖို့အတွက် အဆင်ပြေမှာပါ။

Lotion သေချာလိမ်းပါ

အသားအရမ်းခြောက်တဲ့သူက အစိုဓာတ်ကောင်းကောင်းပေးနိုင်တဲ့ Lotion တွေကို လိမ်းပေးရပါမယ်။ တစ်နေ့ ၂ ကြိမ် လိမ်းပေးပါ။ Lotion မလိမ်းရင် အသားခြောက်တာက ပိုဆိုးလာမှာဖြစ်လို့ Lotion လိမ်းဖို့မပျင်းပါနဲ့။

Body Oil သုံးပါ

အသားအရမ်းခြောက်တဲ့သူက Body lotion တစ်မျိုးထဲသုံးတာထက် Body Oil ပါတွဲသုံးပေးရင် အသားခြောက်တာ သိသိသာသာကို သက်သာပြီး အသားအရေစိုပြည်လာစေပါတယ်။ နွေရာသီဆိုရင်တော့ အစိုဓာတ်သေချာပေးနိုင်တဲ့ Body Lotion လောက်နဲ့ အဆင်ပြေပေမယ့် ဆောင်းရာသီမှာဆိုရင်တော့ မဖြစ်မနေ Body Oil နဲ့ တွဲသုံးပေးပါ။

Scrub တိုက်ပါ

တစ်ပတ်တစ်ခါ Scrub တိုက်ပေးဖို့လည်း မမေ့ပါနဲ့။ Scrub တိုက်ပေးတာက အသားအရေကိုကြည်ပြီး ချောမွေ့လာစေပါတယ်။ ဆဲလ်သေတွေကိုလည်း ဖယ်ရှားပေးပါတယ်။

ရေများများသောက်ပါ

အသားခြောက်ရင် ရေခဲရေတွေ ရေနွေးကြမ်းတွေမသောက်ပဲ ရိုးရိုးရေကိုပဲ များများသောက်ပေးပါ။ ရေများများသောက်ရင် အသားအရေ စိုပြည်လာစေပါတယ်။

အသီးအနှံနဲ့အသီးအရွက်များများစားပါ

အသီးအနှံနဲ့ အသီးအရွက်တွေကို များများစားပေးရင်လည်း အသားအရေစိုပြည်ပြီး လှလာစေပါတယ်။ အသားအရေ ကြည်လင်လာစေပါတယ်။ ဒါကြောင့် အသားခြောက်ရင် အသီးအနှံနဲ့ အသီးအရွက်တွေကို နေ့တိုင်းစားပေးပါ။