အားလုံးပဲ မင်္ဂလာပါနော်။ မိန်းကလေးတွေမှာ အသက် ၂၀ ကျော်အရွယ်က အသားအရေထိန်းသိမ်းမှုလုပ်ဖို့ အရေးအကြီးဆုံးပါပဲ။ ဒီလိုအရွယ်မှာ Skincare မှန်မှန်လုပ်ပေးမှ အသက်ရလာတဲ့အခါ အရေးအကြောင်းနဲ့ အမဲစက်ကင်းတဲ့ နုပျိုဆဲအသားအရေလေးကို ပိုင်ဆိုင်နိုင်မှာပါ။

ဒါ့အပြင် ၂၀ ကျော်အရွယ်က ဆယ်ကျော်သက်တုန်းက အသားအရေနဲ့မတူတော့တာမို့ ဒီအရွယ်အတွက် သင့်တော်တဲ့ အသားအရေ ထိန်းသိမ်းနည်းအဆင့်တွေကို သိထားတာ အကောင်းဆုံးပါပဲ။ ဒီတစ်ခေါက်မှာ အသားအရေအတွက် အသက် ၂၀ ကျော်အရွယ်မိန်းကလေးတိုင်းမှာ ရှိထားသင့်တဲ့ ထိန်းသိမ်းနည်းပုံစံအကြောင်းကို မျှဝေပေးလိုက်ရပါတယ်။

ကိုယ်သုံးမယ့် ပစ္စည်းကို သေချာရွေးပါ


၂၀ကျော်လာပြီဆိုရင် ကိုယ့် Skin Type ကိုလည်း သေချာသိပြီဖြစ်လို့ ကိုယ့်အသားအရေနဲ့ အဆင်ပြေမယ့် ပစ္စည်းတွေကို ရွေးသုံးတတ်ဖို့ လိုလာပါပြီ။ ဆယ်ကျော်သက်အရွယ်မှာ သုံးခဲ့တဲ့ Cleanser က ၂၀ ကျော်လာတဲ့အခါ အာနိသင်ပြင်းနေနိုင်လို့ ပြောင်းသုံးပေးတာ မမှားပါဘူး။

Salicylic Acid ပါတဲ့ Product တွေသုံးကြည့်ပါ


အရေပြားကျွမ်းကျင်သူတွေက အသက်နှစ်ဆယ်အရွယ်မှာ Skincare တွေရဲ့ပါဝင်ပစ္စည်းကို ကြည့်ပြီးမှ သုံးသင့်တယ်လို့ အကြံပေးထားပါတယ်။ ဒီအရွယ်မှာ ချွေးပေါက်ပိတ်တာတွေ၊ Breakout ဖြစ်တာတွေကို ကာကွယ်ဖို့ဆိုရင် Salicylic Acid ပါတဲ့ Skincare နဲ့ မိတ်ကပ်ပစ္စည်းတွေကို သုံးကြည့်သင့်ပါတယ်။ ဒီ Acid ရဲ့အာနိသင်က အရေပြားအဆီပမာဏကို ထိန်းညှိပေးလို့ အဆီပြန်ခြင်းကြောင့်ဖြစ်တဲ့ အသားအရေပြဿနာတွေ လျော့ကျစေမှာပါ။

SPF မဖြစ်မနေလိမ်းပါ


နေလောင်ကာတဲ့ SPF ပမာဏများများပါတဲ့ Sunscreen တွေကို ၂၀ ဝန်းကျင်အရွယ်မှာတည်းက နေ့တိုင်းပုံမှန်လိမ်းတဲ့ အကျင့်လုပ်ပေးပါနော်။ Sunscreen ပုံမှန်လိမ်းပေးတာက အရွယ်မတိုင်ခင် အသားအရေ ခြောက်သွေ့ပြီး အိုမင်းရင့်ရော်တာတွေ မဖြစ်အောင် ကာကွယ်ပြီးသားဖြစ်စေမှာပါ။

Exfoliate ပုံမှန်လုပ်ပေးပါ


ချွေးပေါက်တွေသန့်စင်ပြီး အရေပြားတွင်း သွေးလည်ပတ်မှုကောင်းနေမှ အသားအရေအမြဲ ကြည်လင်နေမှာဖြစ်လို့ Exfoliate ပုံမှန်လုပ်ပြီး ချွေးပေါက်ထဲက ဆဲလ်သေတွေဖယ်ရှားပေးဖို့မမေ့ပါနဲ့။ နှစ်ပတ်မှာ တစ်ခါလောက် သဘာ၀ ပါဝင်ပစ္စည်းတွေနဲ့ ချေးချွတ်ပေးဖို့လိုပါတယ်။ သွေးလည်ပတ်မှု ကောင်းနေအောင် ချေးချွတ်ရင်း မျက်နှာကို စက်ဝိုင်းပုံနှိပ်နယ်တာမျိုး လုပ်ပေးလိုက်ပါ။

မျက်လုံးတစ်ဝိုက်အသားအရေကို ဂရုစိုက်ပါ


မျက်လုံးတစ်ဝိုက်အရေပြားက အရမ်းနူးညံ့တာမို့ မျက်ကွင်းညိုတာ၊ အရေးအကြောင်းနဲ့ မျက်အိတ်တွဲကျတာတွေ ကာကွယ်ဖို့ ၂၀ ကျော်အရွယ်ကတည်းက Eye Cream (သို့) Night Cream လေးတွေလိမ်းပေးဖို့လိုပါတယ်။

ကျန်းမာတဲ့နေထိုင်မှုကို ထိန်းထားပါ


ဒီအရွယ်က ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အကျင့်ကောင်းတွေ မွေးမြူဖို့ အကောင်းဆုံးအချိန်ပါပဲ။ ပုံမှန်လေ့ကျင့်ခန်းလုပ်တာ၊ အာဟာရမျှတတဲ့ စားသောက်ပုံရှိတာနဲ့ ရေများများသောက်တာတွေကို အကျင့်လုပ်ထားတဲ့အခါ သင့်အသားအရေကိုပါ ထွေထွေထူးထူးထိန်းသိမ်းစရာမလိုဘဲ ကြည်လင်နေစေမှာပါနော်။

Photo Source: Pinterest

By MyStyle Myanmar