အသားအရေထိန်းသိမ်းဖို့အတွက်က နာမည်ကြီး ဈေးကြီးပစ္စည်းတွေ ဝယ်သုံးမှမဟုတ်ပါဘူး။ ရိုးရိုးရှင်းရှင်းနဲ့ သင့်မီးဖိုချောင်ကနေ သုံးလို့ရတဲ့ ပစ္စည်းတွေ ရှိပါသေးတယ်။ အသားအရေတောက်ပနေဖို့အတွက် ဒီပစ္စည်းတွေကို သုံးကြည့်ပါ။

နနွင်း

နနွင်းကို ပျားရည် ၊ ဒိန်ချဉ်တို့နဲ့ရောပြီး မျက်နှာကိုလိမ်းပေးပါ။ ၁၅ မိနစ်လောက်အခြောက်ခံပြီးမှ ရေဆေးချပါ။ ဒီလိုလိမ်းပေးတာက နေလောင်ဒဏ်ကို လျှော့ချပေးနိုင်သလို ပုံမှန်သုံးပေးရင် အသားအရေကို တင်းရင်းစေပြီး အိုမင်းရင့်ရော်မှုကို တိုက်ဖျက်ပေးနိုင်ပါတယ်။

ပဲမှုန့်

ပဲမှုန့် ( ကုလားပဲမှုန့် ) နဲ့ မလိုင် (နို့ခရင်မ်) တို့ကို ရောပြီး မျက်နှာကို လိမ်းပေးပါ။ မိနစ် (၂၀) ​​လောက်ထားပြီးမှ ရေဆေးချလိုက်ပါ။ ပုံမှန်သုံးပေးရင် အသားအရေကိုချောမွေ့စေပြီး မျက်နှာကို တောက်ပလာစေပါတယ်။

ပျားရည်

ပျားရည်က အဆီပြန်တဲ့အသားအရေကို ထိန်းညှိပေးပြီး ဝက်ခြံတွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။ အဆီပြန်တာကိုထိန်းပေးပြီး အဆီပိုထွက်တာကို လျှော့ချပေးဖို့အတွက် ပျားရည်ကို မျက်နှာကိုလိမ်းပေးပါ။

ကော်ဖီ

ကော်ဖီမှာပါတဲ့ CGA က ဝက်ခြံကြောင့်ဖြစ်တဲ့ ရောင်ရမ်းမှုကို လျှော့ချပေးနိုင်တာမလို့ ကြည်လင်တောက်ပတဲ့ အသားအရေကို ရဖို့ ကော်ဖီနဲ့ပျားရည်ကို ရောပြီး လိမ်းပေးပါ။

ခရမ်းချဉ်သီး

ခရမ်းချဉ်သီးမှာ ရောင်ရမ်းမှုကို ဆန့်ကျင်တဲ့ ဂုဏ်သတ္တိတွေ ရှိတာမလို့ ခရမ်းချဉ်သီးအနှစ်ကို ပျားရည်နဲ့ ရောပြီး ပုံမှန်သုံးပေးရင် အသားအရေကို ကြည်လင်ဝင်းပလာစေပါတယ်။

နို့

နွားနို့ထဲ ပျားရည် ၊ ဆန်မှုန့် ၊ သံလွင်ဆီတို့ကို ရောပြီး လိမ်းပေးရင် အသားအရေကို သဘာတအတိုင်းတောက်ပစေရုံသာမက နေလောင်ဒဏ်ကိုပါ သက်သာစေပါတယ်။