ရာသီဥတု ပူပြင်းခြောက်သွေ့တဲ့အချိန် (သို့မဟုတ်) ရာသီဥတု အကူးအပြောင်းကာလတွေမှာ ကိုယ့်အသားအရေကို ပိုမိုဂရုစိုက်ရမှာဖြစ်ပြီး Skincare ကိုလည်း သေသေချာချာ ပြုလုပ်ရမှာဖြစ်ပါတယ်။

အသားအရေ ကျန်းမာစိုပြေနေခြင်းက အရေးကြီးရုံသာမကဘဲ Confidence Level ပိုမြင့်လာအောင် ကူညီပေးမှာဖြစ်တာကြောင့် Skincare Routine ကို မှန်မှန်ပြုလုပ်ဖို့ လိုအပ်ပါတယ်။

Skincare စတင်ပြုလုပ်ဖို့ရန်အတွက် ဘယ်ကနေစလို့စရမှန်း မသိဘူးဆိုရင်တော့ အခုဖော်ပြပေးမယ့် အချက်ကနေ စတင်သင့်ပါတယ်။

ပထမအဆင့်ကတော့ ကိုယ့်အသားအရေ အမျိုးအစားကို သိရှိခြင်းပဲဖြစ်ပါတယ်။ ကိုယ့်အသားအရေက Sensitive အသားအရေလား၊ Normal အသားအရေလား၊ ခြောက်သွေ့တဲ့အသားအရေပိုင်ရှင်လား၊ အဆီပြန်တဲ့ အသားအရေပိုင်ရှင်လား၊ အသားအရေခြောက်တာနဲ့ အဆီပြန်တဲ့ နှစ်ခု ပေါင်းစပ်နေတဲ့ Combination Skin လား စတာတွေကို ကွဲကွဲပြားပြားသိဖို့ လိုအပ်ပါတယ်။

ကိုယ့်အသားအရေအမျိုးအစားကို သိပြီဆိုရင်တော့ အသားအရေအမျိုးအစားအလိုက် သီးသန့်ထုတ်လုပ်ပေးထားတဲ့ အသားအရေ ထုတ်ကုန်အသုံးအဆောင်ပစ္စည်းများကို အသုံးပြုရမှာဖြစ်ပါတယ်။

ကိုယ့်ရဲ့ မျက်နှာအသားအရေကအစ ခန္ဓာကိုယ်တစ်ကိုယ်လုံးရှိ အသားအရေကို ဂရုစိုက်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် Skincare အသုံးအဆောင်ပစ္စည်းများကတော့ မရှိမဖြစ်ပါပဲ။

Body Scrub

ကိုယ့်အသားအရေကို သေသေချာချာဂရုစိုက်ချင်တယ်ဆိုရင်တော့ Body Scrub တိုက်ခြင်းကို တစ်ပတ်လျှင် ၂ ကြိမ်၊ အများဆုံး ၃ ကြိမ်ခန့် ရေချိုးတဲ့အချိန်တိုင်း ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ သင့်အနေနဲ့ သံပုယိုရနံ့ကို မကြိုက်ဘူးဆိုရင်တော့ ကော်ဖီရနံ့ကဲ့သို့ Body Scrub များကိုလည်း အသုံးပြုနိုင်ပါတယ်။

ချိုင်းချွေးနံ့ကို ဖုံးကွယ်ပေးမယ့် Deodorant

ပူပြင်းခြောက်သွေ့တဲ့အချိန်မှာ ချွေးထွက်များပြီး ချွေးနံ့ ပြင်းတတ်ပါတယ်။ အထူးသဖြင့် ချိုင်းချွေးနံ့က တော်တော်အနံ့ပြင်းတဲ့အထဲမှာပါ ပါတယ်။ လူကြားထဲ သွားလာရတဲ့အခါ ကိုယ့်ရဲ့ ချိုင်းချွေးနံ့ကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကျဆင်းစေနိုင်ပါတယ်။

ဒီလိုချိုင်းချွေးနံ့ ပြင်းခြင်းကို လျော့ချချင်တယ်ဆိုရင်တော့ Roll-On ဝယ်သုံးတာဖြစ်ဖြစ်၊ ချိုင်းချွေးနံ့ပျောက်ဆေးများ လိမ်းကျံတာပဲဖြစ်ဖြစ် အသုံးပြုပေးရမှာဖြစ်ပါတယ်။ ဒါမှ သင့်ရဲ့ ချိုင်းချွေးနံ့က လူအများကြားသွားလာတဲ့အခါ သင့်ကို အရှက်မခွဲမှာပါ။

ဘော်ဒီလိုးရှင်း

ဘော်ဒီလိုးရှင်းဟာ သင့်ရဲ့ခန္ဓာကိုယ်ကို အစိုဓာတ်ရရှိအောင် ကူညီပေးဖို့တာကြောင့် ဘော်ဒီလိုးရှင်းသည်လည်း မရှိမဖြစ်လိုအပ်ပါတယ်။ အထူးသဖြင့် ဗီတာမင်အီး၊ Jojoba အဆီ စတဲ့ ပါဝင်ပစ္စည်းများကို အဓိကထား ထုတ်လုပ်ထားတဲ့ ဘော်ဒီလိုးရှင်းများက သင့်ခန္ဓာကိုယ်ကို အစိုဓာတ်ရရှိနေအောင် ကူညီပေးပါတယ်။ ဒါ့ကြောင့် ထိုပါဝင်ပစ္စည်းများနဲ့ အဓိကထုတ်လုပ်ထားတဲ့ ဘော်ဒီလိုးရှင်းများကို ရွေးချယ်အသုံးပြုသင့်ပါတယ်။

တိုနာ

အသားအရေထိန်းသိမ်းမှုနဲ့ ပတ်သက်လာလျှင် တိုနာသည် အဓိကအရေးအကြီးဆုံးနေရာမှာ ပါဝင်ပါတယ်။

မျက်နှာသစ်ပြီးတဲ့နောက်မှာတော့ အသားအရေရဲ့ pH Level ကို ထိန်းညှိပေးဖို့ရန်အတွက် တိုနာသည် မရှိမဖြစ်လိုအပ်တဲ့ အလှအပရေးရာ ပစ္စည်းတစ်ခု ဖြစ်ပါတယ်။ အသားအရေကို အစိုဓာတ်ရရှိအောင် ကူညီပေးပြီး ကျန်းမာလှပဖို့ရန်အတွက် တိုနာသည် မရှိမဖြစ်လိုအပ်ပါတယ်။

တိုနာတစ်ဘူး ရွေးချယ်ဝယ်ယူတဲ့အခါမှာလည်း ကိုယ့်အသားအရေနဲ့ လိုက်ဖက်တဲ့ တိုနာအမျိုးအစားကို ဝယ်ယူရမှာပါ။ အသားအရေ ခြောက်သွေ့သူများက Dry Skin တွေအတွက် သီးသန့်ထုတ်လုပ်ပေးထားတဲ့ အမျိုးအစားကို အသုံးပြုသင့်ပြီး အခြားသော အသားအရေပိုင်ရှင်များသည်လည်း ထိုနည်းလည်းကောင်းပါပဲ။

Moisturizer

အသားအရေ အစိုဓာတ်ရရှိဖို့ရန်အတွက် Moisturizer ဟာ အဓိကကူညီပံ့ပိုးပေးတဲ့ Skincare အသုံးအဆောင် ပစ္စည်းတစ်ခုဖြစ်ပါတယ်။ မျက်နှာသစ်ပြီး၊ တိုနာလိမ်းပြီးတဲ့နောက်မှာတော့ အခြားသော Skincare Steps များ မပြုလုပ်ချင်ရင်တောင်မှ Moisturizer လေးကိုတော့ မပျက်မကွက် လိမ်းကျံရမှာဖြစ်ပါတယ်။

မျက်နှာသစ်ဆေး

တစ်နေကုန် ဖုန်တလိမ်းလိမ်းနဲ့ ပေကျံနေတဲ့မျက်နှာကို အိမ်ပြန်ရောက်တဲ့အခါ ဘယ်လိုပြန်လည်သန့်ရှင်းပါသလဲ။ ဆပ်ပြာအတုံးအခဲများနှင့် မျက်နှာသစ်ပါသလား။ ဒါဆိုရင်တော့ သင့်အသားအရေက တဖြည်းဖြည်းပျက်စီးခြောက်သွေ့ကာ ကြမ်းတမ်းလာမှာဖြစ်ပါတယ်။

ကိုယ့်ရဲ့အသားအရေကို Baby Skin လေးလို နုနယ်ချင်တယ်၊ အရွယ်မတိုင်မှီ အိုမင်းရင့်ရော်ခြင်းမှ ကာကွယ်ချင်တယ်ဆိုရင်တော့ ဆပ်ပြာအခဲများ အသုံးပြုမယ့်အစား ကိုယ့်အသားအရေနဲ့ လိုက်ဖက်တဲ့ မျက်နှာသစ်ဆေးကို ရွေးချယ်အသုံးပြုရမှာဖြစ်ပါတယ်။

ကိုယ့်အသားအရေနဲ့ အံကိုက်မဟုတ်တဲ့ မျက်နှာသစ်ဆပ်ပြာမျိုး (သို့) အလှကုန်ပစ္စည်းတွေကို အသုံးပြုမိတဲ့အခါ အသားအရေက ဓာတ်မတည့်ဘဲ ယားယံတာမျိုး ဖြစ်လာတတ်ပါတယ်။

နေလောင်ကာခရင်မ်

အသားအရေ အရွယ်မတိုင်မှီ အိုမင်းရင့်ရော်ခြင်းမှ ကာကွယ်ချင်တယ်ဆိုရင် ခရမ်းလွန်ရောင်ခြည်ဒဏ်ကို အရင်ကာကွယ်ဖို့လိုအပ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ခရမ်းလွန်ရောင်ခြည်ဟာ အသားအရေအတွက် အင်မတန်မှ အန္တရာယ်များတဲ့ အရာတစ်ခုဖြစ်ပါတယ်။

အရေပြားကင်ဆာကိုတောင်မှ ဖြစ်စေနိုင်သည်အထိ အန္တရာယ်များတာကြောင့် အရေပြားဆရာဝန်များက အပြင်ထွက်ခါနီးတိုင်းမှာ နေလောင်ကာခရင်မ်လိမ်းကျံပြီးမှသာအပြင်ထွက်ဖို့ အကြံပေးထားတာဖြစ်ပါတယ်။