အလှအပကို စိတ်ဝင်စားကြတဲ့ MyStyle Myanmar ရဲ့ စာဖတ်ချစ်ပရိတ်သတ် ပျိုမေတို့ကို ပြန်ပြီးကြိုဆိုလိုက်ပါတယ်။ ဒီတစ်ခေါက်မှာတော့ အလှအပရေးရာကဏ္ဍကနေပြီး ဖော်ပြပေးချင်တာကတော့ မိန်းကလေးတွေ လုပ်မိနေတဲ့၊ သုံးမိနေတဲ့ အသားအရေထိန်းသိမ်းနည်းတချို့က တကယ်တမ်းလက်တွေ့မှာကျတော့ ထင်ထားသလောက် အထောက်အကူအဖြစ်ဘူးဆိုတာနဲ့ပတ်သက်ပြီးပဲဖြစ်ပါတယ်။

ကိုယ်အမြတ်တနိုးတန်ဖိုးထားရတဲ့ ကိုယ့်အလှအပနဲ့ အသားအရေကို ကိုယ့်လက်နဲ့ပဲ ပြန်ပြီးဖျက်စီးမိတာမျိုး မဖြစ်ရလေအောင် အခုဖော်ပြပေးမယ့် အချက်လေးတွေကို သေချာလေ့လာထားလိုက်ပါ။

၁။ ဆားဝက်ခြံကပ်ခွာများ

နှာခေါင်းပေါ်က ဆားဝက်ခြံတွေသက်သာစေဖို့ မိန်းကလေးတွေအသုံးပြုနေတဲ့ ကပ်ခွာတွေက တကယ်တမ်းတော့ ထင်သလောက်အသုံးမဝင်ပါဘူး။ သူတို့က အသားအရေရဲ့အပေါ်ယံအလွှာက ဆဲလ်သေတွေနဲ့ ဆားဝက်ခြံတွေကိုသာ ဖယ်ရှားပေးတာဖြစ်တဲ့အပြင် အန္တရာယ်များတဲ့အတွက် အသားအရေကိုတောင် ထိခိုက်စေနိုင်ပါတယ်။ တစ်လတစ်ကြိမ်လောက်ပဲ သုံးတာလောက်က ကိစ္စမရှိပေမယ့် ရက်တွေတအားကပ်ပြီးတော့ သုံးတတ်သူဆိုရင်တော့ အခုကစပြီးရှောင်ပါလို့ အကြံပြုချင်ပါတယ်။ ကပ်ခွာတွေအစား Retinoids တွေ၊ Salicylic Acid နဲ့ Exfoliants တွေပါတဲ့ အလှကုန်ပစ္စည်းတွေကို ရွေးပြီးအသုံးပြုပါ။

၂။ Jade Rollers

Jade Rollers တွေက ဆိုးကျိုးတွေတော့ မဖြစ်စေပေမယ့်လည်း အသားအရေကို ထင်သလောက် ချောမွေ့တောက်ပြောင်စေမှာမဟုတ်ပါဘူး။ သူတို့လုပ်ပေးတာတစ်ခုက အရည်ပိုတွေကိုဖယ်ရှားပေးတာလောက်ပဲမို့ လက်နဲ့ပဲပုံမှန်လိုနှိပ်နယ်ပေးခြင်းနဲ့လည်း လုံလောက်ပါတယ်။

၃။ ဗီတာမင်အီးပါတဲ့ပစ္စည်းများ

ဗီတာမင်အီးက ဘာအန္တရာယ်မှ မဖြစ်စေပေမယ့်လည်း ဒီပါဝင်ပစ္စည်းတစ်မျိုးတည်းနဲ့ Skincare ပစ္စည်းတွေဝယ်သုံးလို့ အလကားပါပဲ။ တခြားပါဝင်ပစ္စည်းတွေနဲ့ ရောစပ်နေတဲ့အခါမှသာ အထောက်အကူဖြစ်စေတာပါ။

၄။ တိုနာ

Shaving လုပ်ပြီးနောက် တိုနာတွေအသုံးပြုခြင်းက အသားအရေကို အလွှာခွာလိုက်သလိုပါပဲ။ ဒါကြောင့် မျက်နှာသစ်ဆေးကောင်းကောင်းသုံးပြီး တိုနာဆက်သုံးလို့လည်း ရလဒ်ကောင်းတွေဖြစ်လာမှာမဟုတ်ပါဘူး။

၅။ ဈေးကြီးတဲ့ Moisturizer

ဈေးကြီးပေးရတဲ့ Moisturizer တွေက သေသေချာချာစမ်းသပ်စစ်ဆေးပြီး ထုတ်လုပ်ထားတဲ့အတွက် ပိုပြီးဈေးကြီးတာဖြစ်လို့ ဈေးပေါတာဖြစ်ဖြစ် ဈေးကြီးတာဖြစ်ဖြစ် အနံ့မွှေးတာဖြစ်ဖြစ် မမွှေးတာဖြစ်ဖြစ် Moisturizer က Moisturizer ပါပဲ။

Image Source: BrightSide