အသားအရေက ညစ်နေတယ်၊ အသားအရေမကောင်းဘူးလို့ ကိုယ့်ကိုယ်ကိုထင်နေတဲ့သူတွေ၊ အသားအရေမကောင်းလို့ စိတ်ညစ်နေတဲ့သူတွေအတွက် လိုအပ်တဲ့ Skincare တွေကို ဖော်ပြပေးလိုက်ပါတယ်။ ဒါတွေသုံးမယ်ဆိုရင် အသားအရေက သိသိသာသာစိုပြည်ပြီး Brightening ဖြစ်လာမှာပါ။

Toner

အသားခြောက်တယ်ဆိုရင် Hydrating Toner ကောင်းကောင်းသုံးပေးပါ။ အသားအရေညစ်နေတယ်ဆိုရင် Rice Toner သုံးပေးလို့ရပါတယ်။

Serum

အသားအရေမကောင်းဘူး၊ အသားအရေညစ်နေတယ်ဆိုရင် Serum ကောင်းကောင်းသုံးပေးပါ။ Serum က အသားအရေကို သေချာပြောင်းလဲပေးနိုင်ပါတယ်။ အသားအရေ Brightening ဖြစ်ချင်ရင် Vitamin C Serum ဒါမှမဟုတ် တခြား Brightening Serum တစ်ခုခု သုံးပေးပါ။

Moisturizer

Moisturizer ကတော့ အစိုဓာတ်သေချာပေးနိုင်တဲ့ Moisturizer ကို သုံးပေးပါ။ Moisturizer သေချာသုံးပေးမှ အသားအရေစိုပြည်လာမှာပါ။ ဒါမှ အသားအရေလည်း ပိုကောင်းလာမှာပါ။

Sunscreen

Sunscreen မလိမ်းရင် နေရောင်ခြည်ဒဏ်ကြောင့် အသားအရေ ထိခိုက်ပျက်စီးတာ၊ အသားအရေမဲညစ်တာတွေ ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် Sunscreen သေချာသုံးပေးဖို့လည်း အရေးကြီးပါတယ်။

Exfoliator

Skincare တွေသေချာလိမ်းနေရက်နဲ့ အသားအရေညစ်နေတယ်လို့ ခံစားရရင် တစ်ပတ်တစ်ကြိမ် Exfoliate လုပ်ပေးပါ။ Dead Skin Cells တွေနဲ့ အညစ်အကြေးတွေကို သေချာဖယ်ရှားပေးပြီး ချွေးပေါက်တွေကို ပွင့်စေတဲ့အတွက် အသားအရေကြည်လင်လာစေတယ်၊ ကိုယ်လိမ်းမယ့် Skincare တွေကိုလည်း သေချာစုပ်ယူပေးနိုင်ပါတယ်။

Sheet Mask

Skincare တွေအကုန်သုံးနေလည်း အသားအရေက သိပ်မကောင်းဘူးထင်ရင် ၃ ရက် တစ်ကြိမ် Sheet Mask ကပ်ပါ။ အသားအရေစိုပြည်ပြီး ကြည်လင်လာမယ်၊ Glow လာမယ်၊ Healthy Skin ဖြစ်လာပါမယ်။