ပျိုမေတို့အားလုံးမင်္ဂလာပါ။ သင်က အသားအရေကို ဂရုစိုက်သူဆိုရင် အသားအရေနဲ့ ပတ်သက်တဲ့ Do and Don’t တွေကို သိထားသင့်ပါတယ်။ ပျိုမေအများစုကတော့ Do ကို သိကြမှာပါ။ ဒီတစ်ခေါက်မှာတော့ တချို့ပျိုမေတွေပြုလုပ်တတ်ကြတဲ့ Skincare အလွဲလေးတွေကို ဖော်ပြပါရစေ။ သင်က စိုပြေနူးညံ့တဲ့ အသားအရေကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ဆက်ကြည့်ပေးပါနော်-

၁။ မျက်နှာကို တစ်နေ့နှစ်ကြိမ် မသစ်တာ

၂။ Sunscreen မလိမ်းတာ

၃။ Scrub နဲ့ ချေးမချွတ်တာ

၄။ အချိုများတာ၊ သကြားပါဝင်မှုများတာတွေကို စားမိတာ

၅။ ခေါင်းအုံးစွပ်ကို မကြာခဏ မလျှော်တာ

၆။ မျက်နှာနဲ့ ခန္ဓာကိုယ် သုတ်တဲ့ပဝါကို မခွဲခြားထားတာ

၇။ ရေနွေးနဲ့ မျက်နှာသစ်တာ

၈။ သေချာမစူးစမ်းမလေ့လာဘဲ Trend နောက်လိုက်တာ

၉။ ကိုယ်နဲ့ အဆင်ပြေမပြေ မလေ့လာဘဲ Skincare DIY တွေအတိုင်း လျှောက်လုပ်တာ

၁၀။ အိပ်ရေးဝအောင် မအိပ်တာ

၁၁။ အသားအရေကို လိုတာထက် ချေးချွတ်မိတာ ( Mild Scrub ဆိုရင်တော့ နေ့တိုင်းလုပ်နိုင်တာတွေရှိပါတယ်.. Scrub အကြမ်းစားတွေဆိုရင်တော့ တစ်ပတ်မှာ တစ်ကြိမ်ပဲ သုံးသင့်ပါတယ်)

၁၂။ Skin Care Product တွေကို မျက်နှာပေါ် ကြမ်းကြမ်းတမ်းတမ်း ပွတ်လိမ်းတာ

၁၃။ မျက်နှာကို လက်နဲ့ ခဏခဏထိတာ

၁၄။ Skincare အဆင့်တွေ လွဲမှားနေတာ

အပေါ်က အလွဲတွေထဲမှာ သင်လုပ်မိတဲ့ နံပါတ်ပါရင် ပြောခဲ့ပါဦး။

Photo Source: Pinterest

By MyStyle Myanmar