အဆီပြန်တာ၊ ဆဲလ်သေတွေ၊ ဖုန်နဲ့ ဘတ်တီးရီးယားတွေက ကျွန်မတို့ရဲ့ ချွေးပေါက်ကို ပိုကျယ်စေပါတယ်။ ပျိုမေတို့အနေနဲ့ အသားအရေလှနေဖို့ ထိန်းသိမ်းမှုပြုလုပ်ရပါတယ်။ဒါပေမဲ့ အလွန်အကျွံလုပ်မိရင်တော့ အသားအရေပိုပျက်စီးနိုင်ပါတယ်။ ဒီအပြုအမူတွေကတော့ ကျွန်မတို့ ပြုလုပ်မိနေတဲ့ ချွေးပေါက်ကျယ်စေတဲ့ အပြုအမူအမှားတွေဖြစ်ပါတယ်။

၁။ အဆီစုပ်စက္ကူ ခဏခဏ သုံးတာ


အဆီစုပ်စက္ကူတွေကို အဆီခဏခဏ ပြန်တဲ့ ပျိုမေတွေ အသုံးပြုကြပါတယ်။ အဆီစုပ်စက္ကူက မျက်နှာပေါ်က အဆီတွေကို စုပ်ယူလိုက်တဲ့အချိန် အဆီတွေ ပိုထွက်လာဖို့ တွန်းအားပေးသလိုဖြစ်စေပါတယ်။ ဒါကြောင့် ချွေးပေါက်ပိုပိတ််စေပြီး ချွေးပေါက်ပိုကျယ်လာပါတယ်။

၂။ အမည်းစက်တွေ၊ ဆားဝက်ခြံတွေကို အတင်းဖယ်ရှားတာ


မမှည့်သေးတဲ့ ဝက်ခြံကို ညှစ်လိုက်တဲ့အချိန် ဘတ်တီးရီးယားတွေကို အရေပြားထဲ ဝင်ခွင့်ပြုသလို ဖြစ်စေပါတယ်။ ဒီအပြုအမူကြောင့် ချွေးပေါက်ပိုကျယ်စေပါတယ်။

၃။ Exfoliate ခဏခဏချေးချွတ်တာ

ချေးချွတ်တာက ဆဲလ်သေတွေကို ကွာကျစေပါတယ်။ ဒါပေမဲ့ တစ်ပတ်မှာ တစ်ကြိမ်ကနေ နှစ်ကြိမ်ပဲ ပြုလုပ်သင့်ပါတယ်။ ခဏခဏ ချေးချွတ်တဲ့အခါ ချွေးပေါက်ပိုကျယ်စေပါတယ်။

၄။ အရေပြားခြောက်သွေ့အောင်ထားတာ


ခြောက်သွေ့တဲ့အသားအရေ က ချွေးပေါက်ပိုကျယ်စေပါတယ်။ ဒါကြောင့် အသားအရေကို ဘာမှမလိမ်းတာမျိုးမလုပ်ပါနဲ့။ Moisturizer တစ်မျိုးလိမ်းပေးပါ။

၅။ ချွေးပေါက်ပိတ်စေတဲ့အလှကုန်တွေ


အုန်းဆီ၊ Cocoa butter စတဲ့ အလှကုန်တွေက ချွေးပေါက်ပိတ်စေပါတယ်။ ဒီအဆီတွေကို မျက်နှာမှာ မသုံးဘဲ ခန္ဓာကိုယ်မှာ သုံးပေးပါ။

၆။ Makeup ခဏခဏ Retouch လုပ်တာ


မိတ်ကပ် ခဏခဏ ဖို့တာက ချွေးပေါက်ပိုကျယ်စေပါတယ်။

၇။ အစားအသောက်


ဆီကြော်စာတွေ၊ အစပ်များတာတွေနဲ့ သကြားပါဝင်မှုများတဲ့ အစားအသောက်တွေက ချွေးပေါက်ပိုကျယ်စေပါတယ်။

၈။ Sun cream မသုံးတာ


နေရောင်ခြည်က အရေပြားကို အလွန်အကျွံထိခိုက်စေပါတယ်။ ချွေးပေါက်ပိုကျယ်စေပါတယ်။ ဒါကြောင့် Sun Cream ကို မဖြစ်မနေသုံးပေးပါ။

Source: Brightside.me

By MyStyle Myanmar