အသက် ၂၀ ဝန်းကျင်အရွယ်မှာ အသားအရေ ထိန်းသိမ်းမှု မလုပ်ဘူးဆိုရင် သင့်အသားအရေဟာ အလွယ်တကူ အိုးမင်းရင့်ရော်ပြီး အရေးကြောင်းတွေ ဖြစ်လာစေပါတယ်။ အသက် ၂၀ ဝန်းကျင်ကစပြီး အသားအရေထိန်းသိမ်းမှုလုပ်ပေးဖို့ သိပ်ကိုအရေးကြီးပါတယ်။

ကဲ…ငယ်ရွယ်တဲ့အချိန်ကတည်းက အသားအရေထိန်းသိမ်းမှုကို သေချာလုပ်ပေးမယ်ဆိုရင်တော့ သင့်အတွက် အသက်က ကိန်းဂဏန်းတစ်ခုသာသာပဲ့ ဖြစ်သွားမှာပါနော်။ ဒါကြောင့် သင့်အသားအရေကို ဘယ်လိုမျိုးထိန်းသိမ်းနည်းလေးတွေ လုပ်ပေးသင့်သလဲဆိုတာ ဝေမျှပေးလိုက်ပါတယ်။

Sunscreen လိမ်းပေးခြင်း

နေပူထဲသွားရင်ဖြစ်ဖြစ်၊ ကမ်းခြေ၊ ရေကူးကန်မှာ ရေကူးရင်ပဲဖြစ်ဖြစ် Sunscreen လိမ်းပေးရမယ်ဆိုတာ အားလုံးသိပြီးသားဖြစ်ကြမှာပါ။ သိပေမယ့်လည်း လိုက်မလုပ်ဖြစ်ကြတာတွေရှိပါတယ်။ သင့်အသားအရေ အိုမင်းရင့်ရော်မှုကင်းစေဖို့ အကောင်းဆုံးနည်းလမ်းကတော့ Sunscreen ကို နေ့တိုင်းလိမ်းပေးတာပဲဖြစ်ပါတယ်။

ဝက်ခြံ

ဝက်ခြံဖြစ်ရင် ဝက်ခြံပျောက်အောင် အမြန်ဆုံး ကုသဖြေရှင်းဖို့လိုပါတယ်။ ဝက်ခြံမဖြစ်စေဖို့လည်း ဂရုစိုက်ဖို့လိုအပ်ပါတယ်။ အပြင်ကပြန်လာတာနဲ့ မျက်နှာပေါ်က မိတ်ကပ်ကိုသေချာပြောင်အောင် ဆေးပြီး မျက်နှာသေချာသစ်ပေးဖို့ လိုအပ်ပါတယ်။

မိတ်ကပ်အမြဲတမ်းလိမ်းခြယ်ခြင်းကို ရှောင်ကြဉ်ပါ

မိတ်ကပ်အများကြီးလိမ်းတာဟာ သင့်အသားအရေကို အမြန်ဆုံးအိုမင်းရင့်ရော်စေသလို၊ ဝက်ခြံလည်းဖြစ်လွယ်စေပါတယ်။ ဒါ့ကြောင့် မိတ်ကပ်ထူထူကြီးတွေကို အမြဲတမ်းလိုလို လိမ်းခြယ်ခြင်းမှ အတတ်နိုင်ဆုံးရှောင်ရှားပေးပါ။

အိပ်ယာမဝင်ခင် မျက်နှာသန့်စင်ပြီးသားဖြစ်နေပါစေ

မိတ်ကပ်လိမ်းလျက်သားနဲ့ အိပ်ယာဝင်တာမျိုး မလုပ်သင့်ပါဘူး။ သင်အိပ်ယာမဝင်ခင်မှာ မျက်နှာပေါ်က မိတ်ကပ်အားလုံး သန့်စင်ပြီးသားဖြစ်နေသင့်သလို၊ Moisturizer လိမ်းပေးတာမျိုးလုပ်ပေးသင့်ပါတယ်။

မျက်နှာမသစ်ခင် လက်ဆေးပါ

မျက်နှာမသစ်ခင် လက်ကို သေချာဆေးပေးသင့်ပါတယ်။ သင့်လက်မှာ ဘက်တီးရီးယားတွေနဲ့ ညစ်ပတ်နေတာကြောင့် လက်ကိုသေချာဆေးပေးပြီးမှ မျက်နှာကိုကိုင်တွယ်ပေးသင့်ပါတယ်။

မနက်တစ်ကြိမ် ညတစ်ကြိမ် မျက်နှာသစ်ပါ။

မနက်တစ်ကြိမ် ညတစ်ကြိမ် မျက်နှာသစ်ပေးသင့်ပါတယ်။ ညဖက်မှာ ခန္ဓာကိုယ်အတွင် ချွေးတွေထွက်၊ အဆီတွေပြန်တာကြောင့် မနက်ဖက်မှာ မဖြစ်မနေမျက်နှာသစ်ပေးသင့်သလို၊ ညဖက်အိပ်ယာ မဝင်ခင်လည်း မျက်နှာသေချာသစ်ပေးသင့်ပါတယ်။

ရေများများသောက်ခြင်း

ရေများများသောက်တာဟာ သင့်ကျန်းမာရေးအတွက်ရော အသားအရေအတွက်ပါ အရေးပါတဲ့ အချက်ဖြစ်ပါတယ်။ ဒါ့ကြောင့် ရေများများသောက်ပေးပါ။

အိပ်ရေး၀၀အိပ်ပါ

အိပ်ရေးမဝရင် အသားအရေကို ထိခိုက်ပျက်စီးလွယ်စေပါတယ်။ ဒါ့ကြောင့် အိပ်ရေး၀၀အိပ်ပါ။

လေ့ကျင့်ခန်းလုပ်ဖို့လည်း မမေ့နဲ့နော်

လေ့ကျင့်ခန်းလုပ်တာဟာ ကျန်းမာရေးအတွက်သာမက အသားအရေကိုလှပစေသလို ခန္ဓာကိုယ်ကိုလည်း ကျစ်လျစ်လှပစေပါတယ်။ ဒါ့ကြောင့် လေ့ကျင့်ခန်းလုပ်ပါ။

ပြုံးပါ

ပြုံးတာဟာ သင့်ကို အိုမင်းရင့်ရော်မှုကနေ တားဆီပေးနိုင်ပါတယ်။ ဒါ့ကြောင့် ပြုံးဖို့မမေ့ပါနဲ့။