မိန်းကလေးတွေ အနေနဲ့ တစ်ပတ်မှာ အနည်းဆုံး တစ်ခါလောက်တော့ Skincare လုပ်သင့်တာကို သိပြီး ဖြစ်မှာပါ။ Skincare လုပ်ဖြစ်တဲ့ နေ့မှာ မျက်နှာကို သေချာ Deep Exfoliate လုပ်သင့်ပြီး အစိုဓာတ် ရနေအောင် Sheet Mask ကပ်ဖို့လည်း မမေ့သင့်ပါဘူး။ သင်သုံးတဲ့ Skincare product အရည်အသွေးအလိုက် နောက်နေ့မှာ အသားအရေ ကြည်ကြည် Glow Look လေးကို ရနေမှာ မလွဲမသွေ ပါပဲ။ ဒီလိုရက်တွေမှာ Selfie လှလှလေးတွေ ရိုက်နိုင်ဖို့ ရိုက်နည်းတွေကို သိထားရင် အကောင်းဆုံးပါပဲ။ ဒီတော့ ကြည့်လိုက်ရအောင်နော်-

နေရောင်ကို မျက်နှာတစ်ဝက် ထိပြီး ရိုက်လိုက်တဲ့အခါ မျက်လုံးအရောင်လေးပါ မြင်ရစေပြီး မျက်နှာကြည်တာလေးပါ မြင်ရစေပါတယ်။

လက်ကလေးနဲ့ ထောက်ပြီး ကင်မရာကို တည့်တည့်ကြည့်တာ

အသားအရေ အပြင် ဆံပင်စတိုင်ကိုပါ ပြနိုင်မယ့် Pose ပေးနည်း

မျက်လုံးလေး တစ်ဘက်မှိတ်ပြီး မျက်နှာကိုပါ လက်တစ်ဖက်နဲ့ ကွယ်ထားမယ်

လက်ကလေးနဲ့ မေးထောက်နေတဲ့ ပုံစံ

အသားအရေကို အနီးကပ် ဦးစားပေးထားပြီး တခြားဘက် ကြည့်နေမယ်

ပါးစပ်လေး ဖွင့်ထားကာ ဆွဲဆောင်မှုရှိရှိ

တစ်ခုခုသောက်ပြီး ကင်မရာဆီ ကြည့်နေတဲ့ ပုံစံ

နဖူးလေးကို လက်ထောက်ထားပြီး ဘေးစောင်း Selfie (ကိုယ်ပိုလှတဲ့ဘက်ကို ပိုသိထားဖို့တော့ လိုပါမယ်။)

ပါးလေးကို လက်နဲ့ အသာလေး ဆွဲမထားပြီး ပဲများနေတဲ့ ပို့စ်

အိပ်ရာပေါ်မှာနေရင်း နဖူးပေါ် လက်တင် Selfie ဆွဲမယ်

ဆံပင်လေး သပ်ရင်း Selfie လှလှလေး ဆွဲမယ်

Photo Source: Pinterest

By MyStyle Myanmar