အင်္ကျီအရောင်ရွေးတဲ့အခါမှာ ကိုယ့်အသားအရေနဲ့ကိုက်တဲ့အရောင်က ဘာအရောင်ဖြစ်မလဲ။ဒီအရောင်ဆိုငါနဲ့လိုက်ပါ့မလား ဒီအရောင်ဆိုအရမ်းတောက်နေမလား၊ ဒီအရောင်ဆိုရင်ရော မှိန်နေမလာစသည်ဖြင့် စဉ်းစားရခက်နေကြပါတယ်။ ကိုယ့်ရဲ့အသားအရာင်ကဘာအရောင်လဲဆိုတာတော့ သိဖို့လိုတယ်နော်။ အသားအရောင်ပေါ်မူတည်ပြီးတော့ ကိုယ်နဲ့လိုက်ဖက်တဲ့အရောင်ကို ဘယ်လိုရွေးမလဲဆိုတာမျှဝေပေးချင်ပါတယ်။

Natural  Skin  

ဒီ Skin Tone ကမြန်မာလူမျိုးတွေရဲ့ အသားရေများဖြစ်ကြပြီး အရမ်းလည်းမညို၊ အရမ်းလည်းမဖြူတဲ့ Skin Tone မျိုးဖြစ်ပါတယ်။ အဝါဖျော့ရောင်၊ Rose Quart ၊ Grey Color၊ အနီရောင် စတဲ့အရောင်တွေနဲ့လိုက်ဖက်ပါတယ်။

Limestone Skin 

Limestone skin ကနည်းနည်း Light  ဖြစ်ပြီး ပန်းရောင်သန်းတဲ့အရောင်မျိုးဖြစ်ပါတယ်။ ဥရောပနဲ့ အာရှနိုင်ငံတွေရဲ့ အသားအရေမျိုးဖြစ်ပါတယ်။ အဲ့ Skin Tone က အရောင်ဖျော့ဖျော့နုနုလေးတွေနဲ့ ပိုလိုက်ဖက်ပါတယ်။ မိုးပြာရောင်၊ ခရမ်းဖျော့ရောင် စတဲ့အရောင်လေးတွေနဲ့ဆို ကိုယ့်အသားအရေကို ပိုပြီးတောက်ပစေပါတယ်။

Dark Skin 

Dark Skin ကညိုတဲ့အထဲမှာပါပြီး ကိုယ့်ရဲ့အသားအရေက မဲတယ်၊ ညိုတယ်ဆိုပြီး စိတ်ဓာတ်မကျလိုက်ပါနော်။ ညိုပေမယ့် ဆွဲဆောင်မှုရှိတဲ့ အသားအရေလို့သာမှတ်ယူလိုက်ပါနော်။ ပန်းဆီရောင် ၊ အဖြူရောင်၊ Navy ၊ ကြက်သွေးရောင်စတဲ့ အရောင်တွေနဲ့ဆို ကိုယ့်ရဲ့အသားအရေကို ပိုလင်းစေပါတယ်။

Photo Source – Pinterest