သင်က Gym ကို သွားပြီး အားကစား လုပ်နေကျ မိန်းကလေး တစ်ယောက်ဆိုရင် ဒီအကြောင်းအရာကို ဆက်ဖတ်သင့်ပါတယ်။ အားကစား လုပ်တာက အသားအရေထဲက အဆိပ်အတောက်တွေကို ဖယ်ထုတ်ပေးရာ ရောက်ပြီး သင့်အသားအရေ ပိုကောင်းလာနိုင်ပါတယ်။ ဒါပေမဲ့ သင်က Gym မှာ ဆော့နေကျ သူတစ်ဦးဆိုရင် ကိုယ့်အသားအရေကို မထိခိုက်အောင် သိထားသင့်တဲ့ အချက်တွေ ရှိပါတယ်။ ဒီတော့ ဘယ်အချက်တွေ ဖြစ်မလဲ ကြည့်လိုက်ရအောင်နော်-

၁။ အားကစားခန်းမထဲက ကိရိယာတွေကို ကိုင်ပြီးနောက် မျက်နှာကို မထိပါနဲ့

Gym မှာက ပစ္စည်း ကိရိယာတွေကို လူတိုင်း ကိုင်တာမို့လို့ သန့်ချင်မှ သန့်မှာပါ။ သင်က ကိရိယာတွေကို ကိုင်ပြီးရင် ချွေးထွက်တဲ့အချိန် မျက်နှာကို ကိုင်လိုက်တာမျိုး မလုပ်သင့်ပါဘူး။ ဒီလို ဆိုရင် အသားအရေ ပိုးဝင်တာ၊ မသန့်တာတွေ ထိတာမျိုး ဖြစ်နိုင်ပါတယ်။

၂။ Skincare လုပ်ပါ

Gym က ပြန်ရောက်တာနဲ့ ချက်ချင်း အနားမယူဘဲ ရေမိုးချိုး သန့်စင် ပြီးတာနဲ့ Skincare လုပ်ပေးသင့်ပါတယ်။ ချွေးထွက်ပြီးစ အချိန်က ချွေးပေါက်တွေ ကျယ်နေတာကြောင့် ဒီအချိန်က Skincare ပစ္စည်းတွေ အသားထဲ ပိုစိမ့်ဝင်နိုင်ပြီး Skincare လုပ်ဖို့ အချိန်အခါ ကောင်းပါပဲ။

၃။ ရေချိုးပါ

တချို့တွေက Gym မှာဆော့ပြီး ပင်ပန်းတာကြောင့် ရေမချိုးဘဲ အိပ်ပစ်လိုက်တာတွေ ရှိပါတယ်။ ဒီလို မလုပ်ဘဲ Gym က ပြန်လာတာနဲ့ ချွေးတွေ ပါသွားဖို့ ရေချိုးသင့်ပါတယ်။

၄။ မျက်နှာကို ယောဂဖျာနဲ့ မထိပါနဲ့

အကြောလျှော့တဲ့အချိန်နဲ့ မှောက်ခုံ လုပ်ရတဲ့ လေ့ကျင့်ခန်းတွေ ပါလာရင် ယောဂဖျာကို လိုအပ်ပါတယ်။ ဒါပေမဲ့ ယောဂဖျာနဲ့ မျက်နှာကို မထိအောင်တော့ သတိထားသင့်ပါတယ်။ ယောဂဖျာမှာ ဘတ်တီးရီးယား ပိုးမွှားတွေ အများအပြား ရှိနေတာကြောင့် မထိအောင် သတိပြုသင့်ပါတယ်။

၅။ သဘတ်ယူလာပါ

Gym ဆော့တဲ့အချိန် ချွေးထွက်မှာကတော့ မလွဲမသွေပါပဲ။ ဒီလိုအချိန် မျက်နှာပေါ်က ချွေးကို လက်နဲ့ မသုတ်မိဖို့ သဘတ် တစ်ထည် ယူလာသင့်ပါတယ်။ ဒီသဘတ်၊ တစ်ရှူးက သန့်ရှင်းနေဖို့တော့ လိုအပ်ပါတယ်။

၆။ ရေသောက်ပါ

အားကစားလုပ်လို့ ထွက်သွားတဲ့ ရေဓာတ်ကို ရေများများသောက်ပြီး ပြန်ဖြည့်ပေးဖို့ လိုပါတယ်။ ရေများများ သောက်ပေးမယ်ဆိုရင် သင့်အသားအရေ Glow လာပါလိမ့်မယ်။

Photo Source: Pinterest

By MyStyle Myanmar