မိတ်ကပ်လိမ်းတဲ့အခါမှာ အမြဲအသုံးပြုနေကြဖြစ်တဲ့ မိတ်ကပ် Brush တွေက အမြဲတမ်းသန့်ရှင်းနေဖို့တော့ လိုအပ်ပါတယ်။ မိတ်ကပ် Brush တွေ ဆေးကြောဖို့ကိုပျင်းရိနေပြီး ဒီတိုင်းပဲ ဆက်သုံးမယ်ဆိုရင်တော့ ထိခိုက်လာမယ့်သူက သင်ကိုယ်တိုင်ပဲဖြစ်ပါတယ်။ 

ဒါကြောင့် မိတ်ကပ် Brush တွေကို သေချာသန့်စင်ပေးပြီး ထိန်းသိမ်းဖို့တော့ လိုပါတယ်။ ကဲ.. လိုက်မလုပ်ဘူးဆိုရင် ဘယ်လိုဆိုးကျိုးတွေ ဖြစ်လာနိုင်မလဲ။

ဝက်ခြံ

မိတ်ကပ် Brush တွေကို သေချာမသန့်စင်ပဲ သုံးနေမယ်ဆိုရင် ကြောက်စရာကောင်းတဲ့ ဘက်တီးရီးယားတွေကို မျက်နှာပေါ်ကို မရောက်ရောက်အောင်တင်နေသလိုဖြစ်ပြီး ဝက်ခြံတွေကိုပဲ ဖြစ်ပေါ်လာစေမှာပါ။

မိတ်ကပ်တွေကို ပြောင်အောင်ဖျက်ပြီး မိတ်ကပ် Brush တွေကို သေချာမသန့်စင်နေဘူးဆိုရင်တော့ ဝက်ခြံတွေက ဖြစ်နေအုန်းမှာပါပဲ။

အသားအရေယားယံခြင်း

မိတ်ကပ် Brush တွေကို မသန့်စင်ပဲသုံးနေရင် မျက်နှာအသားအရေကို ပွတ်တိုက်မိတာတွေများပြီး ယားယံမှုတွေကို ဖြစ်ပေါ်လာစေပြီး အရေပြားပြဿနာတွေနဲ့ ကြုံတွေ့လာရနိုင်ပါတယ်။ လူတစ်ယောက်မှာ အရေးကြီးဆုံးဖြစ်တဲ့ မျက်နှာအသားအရေကို သေချာဂရုစိုက်ပေးဖို့လိုပါတယ်။

အမျိုးအစားခွဲထားပါ

မိတ်ကပ် Foundation လိမ်းတဲ့အခါမှာ သုံးတဲ့မိတ်ကပ် Brush ကို သပ်သပ် ပေါင်ဒါမိတ်ကပ်လိမ်းတဲ့ Brush ကို သပ်သပ်ခွဲထားပေးမှ ပိုအဆင်ပြေမှာပါ။ မဟုတ်ရင် ဘက်တီးရီးယားတို့ ပျော်ပါးတဲ့နေရာကို ဖန်တီးပေးသလိုဖြစ်နေမှာပေါ့။

အရောင်နုတဲ့ မိတ်ကပ် Brush

မိတ်ကပ်လိမ်းတဲ့ Brush တွေကို ညစ်ပတ်နေပြီဆိုတာ သိသာစေဖို့အတွက်ဆိုရင် အရောင်ရင့်တဲ့ Brush ထက် အရောင်နုတဲ့ Brush ဆိုရင် ညစ်ပတ်တာကို ပိုသိသာပြီး အချိန်မှီဆေးကြောလို့ရမှာ ဖြစ်ပါတယ်။