မျက်နှာပေါင်းတင်တာ Mask ကပ်တာကိုတော့ Skincare လုပ်နေကျ ပျိုမေတိုင်း ရင်းနှီးပြီးသားဖြစ်မှာပါနော်။ တစ်ချို့က အိမ်တွင်းနည်းတွေနဲ့ ပေါင်းတင်ကြသလို အလွယ်တကူ Mask လေးတွေ ဝယ်ကပ်ပြီး သုံးကြတာလည်း ရှိပါတယ်။ Mask ကပ်တာက မျက်နှာလေးသန့်စင်ပြီး ကြည်လင်စေတဲ့ Treatment တစ်မျိုးဖြစ်ပေမယ့် တကယ်တမ်း ထိရောက်ဖို့အတွက် သုံးနည်းမမှားဖို့လည်း အရေးကြီးပါတယ်။ ပြီးစလွယ်သုံးမိရင် အသားအရေ ပြန်မကောင်းလာဘဲ ပိုပြီးပျက်စီးစေမှာပါ။ ဒီလိုမဖြစ်ရအောင် မျက်နှာပေါင်းတင်တဲ့အခါ မလုပ်မိအောင်ရှောင်သင့်တဲ့ အပြုအမူအမှားတွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

မျက်နှာအရင်မသစ်တာ


Mask က အသားအရေအတွင်းပိုင်းထဲ အစိုဓာတ်စိမ့်ဝင်စေပြီးမှ သန့်စင်ပေးတာဖြစ်လို့ Cleanser နဲ့ ပုံစံမတူပါဘူးနော်။ Mask မကပ်ခင်မှာ Cleanser နဲ့သန့်စင်ပေးတာပဲဖြစ်ဖြစ် Scrub အပျော့လေးနဲ့ တိုက်တာပဲဖြစ်ဖြစ်လုပ်ပေးပြီး မျက်နှာပေါ်က ချွေးနဲ့ မိတ်ကပ်အကြွင်းအကျန်တွေရှင်းသွားအောင် အရင်ဆုံး သန့်စင်ပေးပါ။

Skin Type နဲ့ မတည့်တာတွေသုံးတာ


Skincare လုပ်တဲ့အခါ ကိုယ်ပိုင် Skin Type ကို သိဖို့အရမ်းအရေးကြီးပါတယ်။ ဈေးကွက်ထဲက အသားအရေအတွက်ကောင်းတဲ့ ဘယ် Mask မဆိုသုံးတာထက် ကိုယ့် Skin Type နဲ့ အဆင်ပြေမှ သုံးတာမျိုး လုပ်ပေးပါ။

ပမာဏများလွန်းတာ


မျက်နှာပေါင်းတင်တဲ့အခါ များများလိမ်းမှ ပိုပြီးထိရောက်တာမျိုး မရှိပါဘူးနော်။ မျက်နှာအနှံ့ဖုံးအောင် လိမ်းဖို့က အဓိကမို့ လိုသလောက်ပဲလိမ်းပြီး သုံးတာမျိုးလုပ်ပေးပါ။

မသုံးဘဲ အကြာကြီးသိမ်းထားတာ


Mask တွေကို ခဏခဏဝယ်ရမှာနှမျောလို့ မသုံးဘဲအချိန်ကြာကြာသိမ်းထားတာမျိုးလည်း မလုပ်သင့်ပါဘူးနော်။ သက်တမ်းလွန်သွားတဲ့ Mask တွေသုံးမိရင် ထိရောက်မှုမရှိတော့တာနဲ့ အခန့်မသင့်ရင် ဓာတ်မတည့်ဘဲ မျက်နှာယားယံတာမျိုးတွေပါ ဖြစ်တတ်ပါတယ်။

မေ့ပြီး ကြာကြာကပ်ထားမိတာ


Mask ကပ်တဲ့အခါ ကိုယ်သုံးမယ့် ပစ္စည်းမှာပါတဲ့ အညွှန်းစားသားပေါ်က အချိန်အကန့်အသတ်အတိုင်းပဲ ကပ်ထားဖို့ မမေ့ပါနဲ့။ Timer လေးမှတ်ပြီးကပ်ထားရင် အကောင်းဆုံးပါပဲ။ လိုတဲ့အချိန်ထက် ပိုပြီး မျက်နှာမှာကပ်ထားတာက မထိရောက်တဲ့အပြင် မျက်နှာအသားပိုခြောက်သွားတတ်ပါတယ်။

တစ်မျိုးထဲကိုပဲ သုံးတာ


Mask ကို တစ်မျိုးထဲအမြဲသုံးတာထက် ကိုယ့် Skin နဲ့ အဆင်ပြေတာလေးရှာပြီး အာနိသင်မတူတာတွေ ပြောင်းကပ်ကြည့်သင့်ပါတယ်နော်။ ဥပမာ သင်က မျက်နှာ Glow စေတဲ့ Mask ကိုသုံးနေကျသူဆိုရင် တစ်ခါတစ်ရံ ဝက်ခြံနဲ့ ချွေးပေါက်တွေ သက်သာစေတဲ့ Mask လေးတွေ ပြောင်းသုံးပေးတာက Skin ပြဿနာတိုင်းကို ကာကွယ်ပြီးသားဖြစ်စေမှာပါ။

Photo Source: Pinterest

By MyStyle Myanmar