မျက်နှာမှာ အဆီဖုတွေပေါက်လေ့ရှိတဲ့သူတိုင်း ဂရုစိုက်သင့်တဲ့ အသားအရေထိန်းသိမ်းနည်းတွေကို မျှဝေပေးလိုက်ပါတယ်။ Skincare တွေလိမ်းနေပေမယ့် အဆီဖုတွေက သက်သာလာတာမျိုးမရှိဘူး၊ တစ်ခါတစ်လေဆို ပိုတောင်ဆိုးလာတယ်ဆိုရင်တော့ ဒီအချက်တွေကို ဂရုမစိုက်မိလို့ဖြစ်မှာပါ။

မျက်နှာသစ်တဲ့အခါ

အဆီဖုတွေ ခဏခဏပေါက်လေ့ရှိတဲ့သူတွေက မျက်နှာသစ်ဆေးကို mild ဖြစ်တာမျိုးတွေပဲ သုံးပေးပါ။ မျက်နှာခဏခဏမသစ်ပါနဲ့။ တစ်နေ့နှစ်ကြိမ်ဆို ရပါပြီ။ ဒါပေမယ့် ကိုယ်က workout လုပ်တယ်၊ အားကစားလုပ်တယ်ဆိုရင်တော့ လုပ်ပြီးရင်ချွေးထွက်တဲ့အတွက် မျက်နှာပြန်သစ်ဖို့လိုပါတယ်။ ချွေးထွက်တဲ့အားကစားတွေ၊ လေ့ကျင့်ခန်းတွေလုပ်ပြီး မျက်နှာမသစ်ရင် ချွေးနဲ့အဆီနဲ့ အညစ်အကြေးတွေနဲ့စုမိပြီး ချွေးပေါက်ပိတ်ကာ အဆီဖုတွေ၊ ဝက်ခြံတွေ ထွက်လာပါလိမ့်မယ်။

မျက်နှာသစ်တဲ့အခါမှာလည်း ရေကြက်သီးနွေးလေးနဲ့သစ်ပေးတာက ပိုကောင်းပါတယ်။ ဒါပေမယ့် မနက်၊ ညတော့ မသစ်ပါနဲ့။ ညဘက်ရောက်မှ ရေကြက်သီးနွေးလေးနဲ့ သစ်ပေးပါ။

ကြမ်းတဲ့ Scrub မသုံးပါနဲ့

အဆီဖုတွေ၊ ဝက်ခြံတွေရှိတဲ့သူ၊ အသားအရေ sensitive ဖြစ်တဲ့သူတွေက scrub သုံးမယ်ဆိုရင် ကြမ်းတဲ့ scrub တွေကို မသုံးပါနဲ့။ အရေပြားစပ်တာ၊ ယားတာတွေ ဖြစ်တတ်ပါတယ်။ Scrub, exfoliate မလုပ်ပဲလည်း မနေပါနဲ့။ တစ်ပတ်တစ်ခါ ပုံမှန်လုပ်ပေးမှ အဆီဖုတွေ သက်သာပြီး အသားအရေကြည်လင်စေမှာပါ။

ဆံပင်ကိုလည်းဂရုစိုက်ပါ

ပုံမှန်ခေါင်းလျှော်ပြီး ကိုယ့်ဆံသားကို မျက်နှာပေါ်မကျအောင်၊ hair product တွေ မျက်နှာကိုမထိအောင် ဂရုစိုက်ပါ။ Hair product တွေ မျက်နှာကိုထိရင် အဆီဖုနဲ့ဝက်ခြံတွေ ပေါက်တတ်ပါတယ်။ ဆံပင်ကညစ်ပတ်နေရင်၊ အဆီတွေအညစ်အကြေးတွေနဲ့ ဖြစ်နေပြီး ပုံမှန်ခေါင်းမလျှော်ရင်လည်း မျက်နှာမှာ ဆံပင်က အညစ်အကြေးတွေကပ်ပြီး အဆီဖုထတတ်ပါတယ်။

ဖုန်း၊ ခေါင်းအုံးစွပ်၊ မျက်မှန်

မျက်နှာနဲ့အမြဲထိတွေ့နေရတဲ့ ဖုန်း၊ ခေါင်းအုံးစွပ်၊ မျက်မှန် စတာတွေကိုလည်း ပုံမှန်သန့်ရှင်းရေးလုပ်ပေးပါ။ အဲ့မှာကပ်နေတဲ့အညစ်အကြေးတွေက မျက်နှာကိုပြန်ထိရင် အဆီဖုနဲ့ ဝက်ခြံထွက်တတ်ပါတယ်။ ဒါကြောင့် ကိုယ်က ခဏခဏအဆီဖုတွေ၊ ဝက်ခြံတွေ ထွက်လေ့ရှိတယ်ဆိုရင် ဒီလိုအသေးအမွှားလေးတွေကအစ ဂရုစိုက်ပေးဖို့ လိုပါတယ်။