အားလုံးပဲမင်္ဂလာပါနော်စာဖတ်ပရိတ်သတ်တို့ရေ… MyStyle Myanmar ကို ချွေးပေါက်ကျယ်နေလို့ အသားအရေ ဘယ်လိုထိန်းသိမ်းရမလဲလို့ မေးမေးနေကြတဲ့သူတွေအတွက် ဒီတခါမှာတော့ ဒီကနေဖြေပေးလိုက်ပါတယ်နော်။

ချွေးပေါက်တွေဆိုတာ ကျွန်မတို့ အရေပြားပေါ်က အပေါက်ငယ်လေးတွေဖြစ်ပြီး အဆီတွေနဲ့ ချွေးတွေကို ထုတ်ပေးပါတယ်။ ချွေးပေါက်ကျယ်ရင်တော့ ပိုအဆီပြန်ပြီး ဝက်ခြံထွက်စေပါတယ်။

၁။ သင်သုံးမယ့် ကုန်ပစ္စည်းတွေကို သေချာရွေးချယ်ပါ

သင့်ရဲ့ Skin Care ကုန်ပစ္စည်းတွေကို သေချာရွေးချယ်သင့်ပါတယ်။ သင်အခုလက်ရှိသုံးနေတဲ့ ကုန်ပစ္စည်းတွေက အဆင်မပြေဘူးဆိုရင်တော့ အခုပဲ ပြောင်းသုံးသင့်ပါတယ်။ အဆီပါဝင်မှုနည်းတာကို သုံးသင့်တယ်။ အရက်ပြန်ပါတာမျိုးကို မသုံးသင့်ပါဘူး။

၂။ အသားအရေထိန်းသိမ်းပါ

နေ့စဉ် အသားအရေထိန်းသိမ်းမှုကို လုပ်ဆောင်ပေးပါ။

-မျက်နှာကို သေချာသစ်ပေးသင့်တယ်။ တစ်ရက်ကို အနည်းဆုံး ၂ ကြိမ်လောက်သစ်ပေးသင့်ပါတယ်။

-တိုနာကိုမဖြစ်မနေသုံးသင့်ပါတယ်။ တိုနာက မျက်နှာသစ်လို့မှ ကျန်နေသေးတဲ့ သင့်အသားအရေပေါ်က အညစ်အကြေးတွေ၊ ဆဲလ်သေတွေကိုဖယ်ရှားပေးနိုင်ပါတယ်။

-အသားအရေနဲ့သင့်တော်တဲ့ ခရင်မ်၊ Serum တစ်ခုခု လိမ်းပေးသင့်ပါတယ်။ ညအိပ်ယာမဝင်ခင်မှာလည်း လိမ်းပေးသင့်ပါတယ်နော်။

-အပြင်ထွက်ရင် Sunscreen လိမ်းပေးပါ။ ချွေးပေါက်ကျယ်တဲ့သူက နေရောင်ကြောင့် အသားအရေကို ပိုပြီးပျက်စီးနိုင်ပါတယ်။

-ရေများများသောက်ပါ။ တစ်နေ့ကို ရေ အနည်းဆုံး ၈ ခွက်သောက်ပေးသင့်ပါတယ်။

၃။ တစ်ပတ်တစ်ကြိမ်လောက် Mask နဲ့ ပေါင်းတင်ပါ

တစ်ပတ်တစ်ခါလောက် Mask မျက်နှာပေါင်တင်စက္ကူလေးနဲ့ပေါင်းတင်ပေးပါ။

ရွှံ့ဆေးနဲ့ လည်းပေါင်းတင်ပေးနိုင်ပါတယ်။ ဒါပေမယ့် ရွှံ့စေးကို နေ့တိုင်းသုံးတာက အသားအရေကို နီရဲစေတတ်ပါတယ်။ ဒါ့ကြောင့် တစ်ပတ် ၂ ကြိမ်လောက်ပဲသုံးပါ။

၄။ မိတ်ကပ်လိမ်းလျက်သားနဲ့ အိပ်မယာမဝင်သင့်ပါဘူး

မိတ်ကပ်လိမ်းလျက်သားနဲ့ အိပ်ယာဝင်တာက အသားအရေကို ထိခိုက်ပျက်စီးစေပါတယ်။ ဘက်တီးရီးယား၊ ဆီနဲ့ အညစ်အကြေးတွေက ချွေးပေါက်ပိတ်ပြီး ချွေးပေါက်ပိုကျယ်စေပါတယ်။ ဒါ့ကြောင့် မိတ်ကပ်ဖျက်ပြီးမှ အိပ်ယာဝင်ပါ။

၅။ ဆရာဝန်နဲ့တိုင်ပင်ပါ

အပေါ်မှာဖော်ပြခဲ့တဲ့ အချက်တွေအားလုံးကို လိုက်နာပြီးမှ အဆင်မပြေဘူးဆိုရင်တော့ အသားအရေနဲ့ပတ်သက်တဲ့ ဆရာဝန်နဲ့ သေချာတိုင်ပင်သင့်ပါတယ်။ စာဖတ်သူတို့ရဲ့ နေထိုင်စားသောက်မှုပုံစံတွေကို ပြင်ရမှာဖြစ်ပြီး ဆရာဝန်နဲ့ သေချာတိုင်ပင်ပါ။

By: MyStyle Myanmar