မျက်နှာတစ်ပြင်လုံးအဆီပြန်တာမျိုးလည်းမဟုတ်ပဲ T-Zone ပဲအဆီပြန်ပြီး ကျန်တဲ့နေရာက Dry (သို့) Normal ဖြစ်နေတဲ့ Skin Type တွေကို Combination Skin လို့ သတ်မှတ်ကြပါတယ်။ ဒါပေမယ့် တချို့ကျတော့ T-Zone က ပုံမှန်ထက်ပိုပြီးတော့ကို အဆီပြန်နေတာမျိုးတွေ ရှိပါတယ်။ ဒါကြောင့် T-Zone မှာ အဆီအရမ်းပြန်တဲ့သူတိုင်းအတွက် အသုံးဝင်စေမယ့် Skincare Tip တွေကို မျှဝေပေးလိုက်ပါတယ်။

ကိုယ့်အသားအရေနဲ့ကိုက်ညီတဲ့ Cleanser

မျက်နှာသစ်ဆေး Cleanser သုံးတဲ့အခါမှာ ကိုယ့်အသားအရေနဲ့ကိုက်ညီတဲ့ Cleanser ကို သေချာရွေးသုံးပေးပါ။ Gel Based Cleanser တွေကတော့ အသင့်တော်ဆုံးပါပဲ။ သူက ချွေးပေါက်ထဲက အဆီတွေကိုပါ ဖယ်ရှားပေးနိုင်တာကြောင့် T-Zone အဆီပြန်တဲ့သူတွေအတွက် အရမ်းကောင်းပါတယ်။

Toner နဲ့ Moisturizer

မျက်နှာသစ်ပြီး ခြောက်သွားတဲ့အသားအရေကို Toner နဲ့ Moisturizer သုံးပြီး ရေဓာတ်ပြန်ဖြည့်ပေးဖို့ လိုပါတယ်။ ဘယ်လိုအသားအရေမျိုးမဆို ဒီအဆင့် ၂ ဆင့်ကို ကျော်သွားလို့မဖြစ်ပါဘူး။ Toner နဲ့ Moisturizer ကို တစ်နေ့ ၂ ကြိမ် သုံးပေးရပါမယ်။

Pore Strips

Toner က အရမ်းအဆီပြန်နေရင် အဆီပြန်တာကပ်တဲ့ Pore Strips ကပ်ခွာလေးတွေ သုံးပေးနိုင်ပါတယ်။ Pore Strips ကပ်ခွာတွေသုံးပြီးရင်တော့ Toner နဲ့ Moisturizer ကို လိမ်းပေးဖို့ မမေ့ပါနဲ့။ ဘာမှမလိမ်းပဲထားလိုက်ရင် ချွေးပေါက်တွေပိုကျယ်ပြီး အဆီပိုပြန်သွားပါလိမ့်မယ်။

Face Mask

Oily Skin, Acne-prone Skin နဲ့ T-Zone အဆီပြန်တဲ့သူတွေက တစ်ပတ်တစ်ခါ (သို့) ၅ ရက်တစ်ခါ Face Mask လုပ်ပေးသင့်ပါတယ်။ Face Mask လုပ်မယ်ဆိုရင်လည်း Charcoal, Tea Tree နဲ့ Clay-Based Face Mask တွေကိုပဲ သုံးပေးပါ။ ဒါတွေက အဆီပြန်တာသက်သာစေပြီး ဝက်ခြံတွေမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

source:www.onlymyhealth.com