လေ့ကျင့်ခန်းလုပ်တာက ကြွက်သားတွေအတွက် ကောင်းသလို၊ အသားအရေအတွက်လည်း ကောင်းပါတယ်။ပင်ပန်းတဲ့လေ့ကျင့်ခန်းတွေ၊ Cardio ခုန်တာမျိုးတွေက အိုမင်းရင့်ရော်မှုကို တားဆီးဖို့နဲ့ လျှော့ချဖို့ ကူညီပေးနိုင်ပါတဲ့အပြင် စိတ်ဖိစီးမှုကိုလည်း လျော့ကျစေနိုင်ပါတယ်။
လေ့ကျင့်ခန်းကနေ အသားအရေအတွက် အကျိုးကျေးဇူးတွေ ရတယ်ဆိုပေမယ့်လည်း ဝက်ခြံတွေကို ကာကွယ်ဖို့၊ ရေဓာတ်ကိုထိန်းသိမ်းဖို့ စတဲ့ အသားအရေထိန်းသိမ်းတဲ့ အလေ့အကျင့်တွေကိုလည်း မဖြစ်မနေ ထိန်းသိမ်းဖို့လိုအပ်ပါသေးတယ်နော်။

Sunscreen

အပြင်ဘက်မှာလေ့ကျင့်ခန်းလုပ်တဲ့အခါ အနည်းဆုံး SPF 30 ပါတဲ့ Sunscreen ကို လိမ်းဖို့ မမေ့ပါနဲ့။ လိမ်းတဲ့အခါ မျက်နှာ၊ လည်ချောင်း၊ ရင်ဘတ်နဲ့ လည်ပင်းအနောက်ဘက်ကို လိမ်းပေးပါ။

Makeup

တချို့အမျိုးသမီးတွေဟာ Gym လာတဲ့အခါ မိတ်ကပ်လိမ်းတတ်ကြပါတယ်။ မလုပ်ပါနဲ့။ မိတ်ကပ်အများစုက ချွေးပေါက်တွေကို ပိတ်စေတာမလို့ပါ။

မျက်နှာကို မထိပါနဲ့

အားကစားစက်တွေ၊ လမ်းလျှောက်စက်တွေ၊ အလေးတုံးတွေမှာ ဘတ်တီးရီးယားတွေ အများကြီးရှိတာကြောင့် အဲဒါတွေကို ထိထားတဲ့လက်တွေနဲ့ မျက်နှာကိုမကိုင်ပါနဲ့။ မျက်နှာ ချွေးသုတ်ဖို့ မျက်နှာသုတ်ပုဝါ Gym ကို ယူသွားပါ။

ဆံပင်စည်းပါ

လေ့ကျင့်ခန်းလုပ်တဲ့အခါ ဆံပင်ကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ကလစ်နဲ့ညှပ်တာ ဒါမှမဟုတ် ဆံပင်ကို စည်းထားတာမျိုး လုပ်သင့်ပါတယ်။ မစည်းထားရင် ချွေးနဲ့ အညစ်အကြေး တွေက ဆံပင်ကနေမျက်နှာပေါ်ကို ရောက်သွားနိုင်တာကြောင့်ပါ။

Gym Towel

Gym မျက်နှာသုတ်ပဝါက လေ့ကျင့်ခန်းလုပ်တုန်း မျက်နှာကချွေးတွေခြောက်ဖို့အတွက် လုံလောက်တဲ့ စုပ်ယူမှုရှိဖို့ အရေးကြီးပါတယ်။

မျက်နှသစ်ပါ

လေ့ကျင့်ခန်းလုပ်ပြီးတိုင်း မျက်နှာကို သစ်ပေးသင့်ပါတယ်။ ချွေး အညစ်အကြေး၊ အဆီနဲ့ ဘက်တီးရီးယားတွေက ချွေးပေါက်တွေကို ပိတ်စေနိုင်တာမလို့ပါ။

Moisturizer သုံးပါ

ဘယ်လိုအသားအရေမျိုးပဲဖြစ်ဖြစ် အစိုဓာတ်ထိန်းဖို့ လိုအပ်တာမလို့ မျက်နှာသစ်ပြီးတိုင်း Moisturizer မဖြစ်မနေ သုံးပေးပါ။

ရေပူနဲ့မချိုးပါနဲ့

ရေနွေးက အရေပြားမှာ အရေးပါတဲ့ အဆီတွေကို ဖယ်ရှားပေးပြီး ခြောက်သွေ့ယားယံပြီး မွဲခြောက်နေတဲ့ အသားအရေကို ဖြစ်ပေါ်စေပါတယ်။ တစ်ပတ်ကို သုံးကြိမ် နူးညံ့တဲ့ Body Scrub ကို သုံးပေးပါ။ ဒါမှ ချွေးပေါက်တွေကို ကြည်လင်စေပြီး အသားအရေကို ကောင်းမွန်စေမှာပါ။