မင်္ဂလာပါနော်။ အသက် ၃၀ ဆိုတဲ့ ကာလအပိုင်းအခြားဟာ သင့်ဘဝရဲ့ အကောင်းဆုံးအချိန်ပါပဲ။ တည်ငြိမ်တဲ့ အသက်မွေးဝမ်းကျောင်းတစ်ခု ကို လုပ်ကိုင်နေပြီး သင့်အနေနဲ့လည်း ရင့်ကျက်သင့်သလောက် ရင့်ကျက်နေပြီလို့ မျှော်လင့်ရပါတယ်။ ဒါ့ကြောင့် အသားအရေကိုလည်း ပိုပြီးဂရုစိုက်ပြီး သက်ရှည်ကျန်းမာအောင် နေထိုင်သင့်ပါတယ်။

၁။ ကျန်းမာတဲ့ လူနေမှုဘဝ

သင့်ရဲ့ နေ့စဉ် လူနေမှု ပုံစံဟာ သိပ်ကိုအရေးကြီးပါတယ်နော်။ မကျန်းမာဘူးဆိုရင်တော့ သင့်ရဲ့ အသားအရေလည်း လှပမှာမဟုတ်ပါဘူး။ ဒါ့ကြောင့် မနက်စောစောထပါ။ ညစောစောအိပ်ပါ။ အိပ်ရေးဝဝအိပ်ပါ။ ကောင်းကောင်းစားပါ။ လေ့ကျင့်ခန်းလုပ်ပါ။

၂။ အသားအရေကို စိုပြေအောင်ထိန်းပါ

သင့်ရဲ့ ခန္ဓာကိုယ်အသားအရေ၊ ခြေထောက်၊ လက် စတဲ့ အသားအရေတွေကို ဂရုစိုက်ပါ။ ထိုက်သင့်တဲ့ အရေးကြောင်းလေးတွေ ရှိလာပြီဆိုပေမယ့် အသားအရေကို ရေဓာတ်ဖြည့်ပေးဖို့လိုပါတယ်။ နေ့စဉ် Body Lotion လိမ်းပေးပါ။ မျက်နှာကို သေချာသစ်ပါ။ မျက်နှာကိုလည်း Moisturizer လိမ်းပေးပါ။

၃။ ရေဓာတ်ဖြည့်ပါ

အသားအရေလှဖို့ဆိုတာ ခန္ဓာကိုယ် အပြင်ပိုင်းကသာမက အတွင်းပိုင်းကလည်း ရေဓာတ်ဖြည့်တင်းပေးဖို့လိုအပ်ပါတယ်။ ရေဓာတ်ခမ်းခြောက်ရင် အသားအရေခြောက်သွေ့နိုင်လို့ နေ့စဉ်ရေများများသောက်ပေးပါ။

၄။ ဖုန်နဲ့ နေရောင်ခြည် ထိတွေ့မှုမှ ကာကွယ်ပါ

သင့်အသားအရေကို ဖုန်နဲ့ နေရောင်ခြည် ထိတွေ့မှုမှ တတ်နိုင်သလောက်ကာကွယ်ပါ။ UV ပါတဲ့ Lotion တွေ လိမ်းပေးပါ။

၅။ စိတ်ဖိစီးမှုကင်းပြီး ပျော်အောင်နေပါ

စိတ်ပျို ကိုယ်နုဆိုတဲ့ စကားပုံတောင်ရှိပါတယ်။ စိတ်ကို အတတ်နိုင်ဆုံး ဖိစီးမှုကင်းအောင်နေပြီး ပျော်အောင်နေပါ။ ပြုံးပါ။