ရေအေးဖြင့် ရေချိုးခြင်းဟာ ခန္ဓာကိုယ်ကျန်းမာရေးအတွက် ကောင်းကျိုးတွေများစွာရှိစေတယ်ဆိုတာ လူအများစုသိထားပြီသားဖြစ်ပါတယ်။ သို့သော်လူသိပ်မသိတဲ့ ရေအေးဖြင့် ရေချိုးခြင်းရဲ့ နောက်ထပ်အကျိုးကျေးဇူးတစ်ခုလည်းရှိပါသေးတယ်။ဒါကတော့ သင့် အသားအရေကို မယုံနိုင်လောက်အောင် ကောင်းကျိုးတွေရရှိစေတာဖြစ်ပါတယ်။ ဘယ်လိုကောင်းကျိုးတွေလဲဆိုတာ ဆက်ဖတ်ကြည့်ရအောင်။

(၁) သဘာဝအတိုင်း Glow စေတယ်

ရေအေးဖြင့်ရေချိုးခြင်းက ခန္ဓာကိုယ်သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး သင့်မျက်နှာအရေကို ကြည်လင်လန်းဆန်းမှုတွေပေးစွမ်းကာ သဘာဝအတိုင်း Glow နေစေမှာဖြစ်ပါတယ်။ အသားအရေကြည်လင်တောက်ဖို့အတွက် အရမ်းအေးတဲ့ရေနဲ့ ရေချိုးစရာမလိုပဲ ပုံမှန်အေးတဲ့ရေနဲ့အဆင်ပြေပါတယ်။

(၂) အိုမင်းရင့်ရော်ခြင်းကိုကာကွယ်ပေးတယ်

ရေအေးဖြင့်ရေချိုးခြင်းရဲ့နောက်ထပ်ကောင်းကျိုးတစ်ခုက ငယ်ရွှယ်နုပျိုခြင်းတွေကို အချိန်အကြာကြီးဆက်ထိန်းပေးထားတာဖြစ်ပါတယ်။ ရေအေးဖြင့်ရေချိုးတဲ့အခါ ဦးနှောက်အာရုံကြောစနစ်ကို လှုံ့ဆော်ပေးပြီး သင့်ခန္ဓာကိုယ်က စိတ်ဖိစီးမှုတွေကိုတိုက်ထုတ်ပေးတာကြောင့် အိုမင်းရင့်ရော်တဲ့လက္ခဏာတွေကို ကာကွယ်ပေးကာ နုပျိုတဲ့အသွင်ကိုပိုင်ဆိုင်စေမှာဖြစ်ပါတယ်။

(၃) စိတ်ဖိစီးမှုနှင့်ဆိုင်တဲ့အသားအရေပြဿနာတွေကိုလျော့ချပေးတယ်

စိတ်ဖိစီးမှုများခြင်းရဲ့နောက်ဆက်တွဲဆိုးကျိုးက အရေပြားကျန်းမာရေးကိုထိခိုက်စေတာဖြစ်ပြီး ဝက်ခြံနှင့် တင်းတိတ်တွေဖြစ်စေတာဖြစ်ပါတယ်။ နေ့စဉ်ပုံမှန်ရေအေးဖြင့်ရေချိုးပေးမယ်ဆိုရင် အသားအရေကျန်းမာရေးကိုကောင်းမွန်စေသလို စိတ်ဖိစီးမှုတွေလည်းလျော့နည်းစေတာကြောင့် စိတ်ဖိစီးမှုနှင့်ဆိုင်တဲ့အသားအရေပြဿနာတွေကိုကာကွယ်ပေးမှာဖြစ်ပါတယ်။

(၄) ရောင်းရမ်းခြင်းတွေသက်သာစေတယ်

ရေပူနှင့်ရေချိုးတာက အသားအရေနီမြန်ခြင်း ရောင်ရမ်းနာကျင်ခြင်း အပေါ်ယံအရေပြားများထိခိုက်ခြင်းတို့ကိုဖြစ်စေနိုင်ပါတယ်။ ရေအေးဖြင့်ရေချိုးတာကတော့ ဆန့်ကျင်ဘက်ပါပဲ။ အသားအရေနီမြန်ခြင်း ရောင်ရမ်းနာကျင်ခြင်း အရေပြားယားယံခြင်းတွေကို သက်သာစေနိုင်ပါတယ်။

Source :Brightside