ခရမ်းချဉ်သီးက Antioxidants နှင့်တစ်ခြားအာဟာရဓာတ်တို့လည်းပါဝင်ပါတယ်။ ခရမ်းချဉ်သီးက အသားအရေပေါ်မှာရှိတဲ့အစက်အပြောက်တွေကိုလည်း ပျောက်ကင်းသွားနိုင်ပါတယ်။ ခရမ်းချဉ်သီးနဲ့တစ်ခြားဘာတွေနဲ့ရောလိုက်ရင် ကိုယ့်အသားအရေအတွက် ကောင်းနိုင်သေးလဲဆိုတာကို နည်းလမ်းလေးတွေနဲ့ ဝေမျှပေးလိုက်ပါတယ်။

ပျားရည်နှင့် ခရမ်းချဉ်သီး

ခရမ်းချဉ်သီးအရည်ကိုညှစ်ထုပ်ပြီးတော့ ပျားရည်ကိုလက်ဖက်ရည်ဇွန်းနှစ်ဇွန်းနဲ့ ရောစပ်ပေးပါ။နောက်ပြီးတော့ ၁၅ မိနစ်လောက်ထားပြီးရင်ရေနွေးဖြင့်ကိုယ့်မျက်နှာကိုသန့်စင်ပေးပါ။ ဒီနည်းလမ်းလေးက အဆီပြန်တဲ့သူတွေအတွက် အကောင်းဆုံးပါနော်။ တစ်ပတ်ကိုနှစ်ခါလောက် ပြုလုပ်ပေးသင့်ပါတယ်။

ဒိန်ချဉ်နှင့်ခရမ်းချဉ်သီး

ဒိန်ချဥ်ကို စျေးထဲကဝယ်တာကိုသဘောမကျဘူးဆိုရင်လည်း ကိုယ့်ဟာကိုယ် အိမ်မှာအလွယ်တကူပြုလုပ်လို့ရပါတယ်။ ဒိန်ချဥ်ကိုလည်း အရမ်းခဲနေတာမျိုးထက် ပြစ်ပြစ်လေးဖြစ်နေတာမျိုးဆို ပိုပြီးကောင်းပါတယ်။ ခရမ်းချဥ်သီးကိုလည်း ကြိတ်ခြေရပါမယ်။ ခရမ်းချဉ်သီးအရည်ကိုပဲ ဒိန်ချဉ်နဲ့ရောလိုက်ပြီးတော့ မိနစ်၂၀လောက်ပေါင်းတင်ပေးလိုက်ပါ။ ဒီနည်းလမ်းလေးကတော့ ကိုယ့်ရဲ့အသားအရေကို ဖြူဝင်းစေပါတယ်နော်။

ခရမ်းချဉ်သီးအနှစ်

ခရမ်းချဉ်သီးအနှစ်ကိုတော့ လူတိုင်းလုပ်တတ်မယ်လို့ထင်ပါတယ်။ အရမ်းအရည်ရွမ်းရွမ်းကြီးမဟုတ်ပဲနဲ့  အခြောက်လွယ်မဲ့ အနေအထားမျိုးကိုကိုယ့်မျက်နှာမှာ ခြောက်သွားအောင်ထားပေးပါ။ နေရောင်ခြည်နဲ့တိုက်ရိုက်ထိတွေ့နေတဲ့သူတွေမှာဖြစ်တတ်တဲ့ အမည်းကွက်တွေကို သက်သာစေပါတယ်။

Photo Source – Free.pik