လောကမှာ လေ့လာသင်ယူစရာပညာရပ်တွေ မရေမတွက်နိုင်လောက်အောင် ရှိပါတယ်။ လူတိုင်းကတော့ မိမိတို့ စိတ်ဝင်စားပြီး ဝါသနာပါတဲ့ ပညာရပ် အတက်ပညာတွေကို သေချာလေ့လာသင်ယူကြပါတယ်။ ဒါပေမယ့် ဒီနေ့မှာ ပြောပြချင်တာက လူတိုင်းလိုလို လေ့လာသင်ယူထားလို့ အမှားမရှိနိုင်တဲ့ Skill တွေအကြောင်းပါ။

(၁) စာရေးခြင်း

စာရေးတယ်ဆိုတာ ဟိုအရင်ရှေးကတည်းက လူတွေသင်ယူရတဲ့ အတတ်ပညာတခုပါ။ လူတစ်ယောက်နဲ့တစ်ယောက် အချင်းချင်း အတွေးအခေါ်တွေဖလှယ်တာ၊ မျှဝေတဲ့အခါ ဆက်သွယ်ဖို့ အရေးကြီးနည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။

ဒါ့အပြင် စာထဲကနေ ကိုယ်ပြောချင်တဲ့စကားတွေ ကိုယ့်ရင်ထဲက အကြောင်းအရာတွေကို ဖော်ပြလို့ရတဲ့ အကောင်းဆုံး နည်းလမ်းတခုပါ။ စာအုပ်တွေ၊ ကဗျာတွေ၊ ဘလော့ဂ်ဆောင်းပါးတွေရေးပြီး ကိုယ်ပြောချင်တဲ့ အကြောင်းအရာတွေကို တခြားသူတွေကို မျှဝေလို့ရပါတယ်။

(၂) လူရှေ့ထွက်စကားပြောခြင်း

တကယ်တော့ လူရှေ့ထွက်စကားပြောတာ ဒီလောက်မခက်ခဲပါဘူး။ ဒါက လူတိုင်းနီးပါးကိုစိတ်လှုပ်လျားအောင် လုပ်နိုင်တဲ့ အရည်အချင်းတခုဆိုရင်တော့ မမှားပါဘူး။ တနည်းအားဖြင့် public speaking ဆိုတာ စကားပြောကျွမ်းကျင်မှုစွမ်းရည်ပါပဲ။

ပုံမှန်လေ့ကျင့်သွားရင် public speaking ဆိုတာလည်း တတ်မြောက်ဖို့မခက်ခဲတဲ့ အရည်အချင်းတစ်ခုပါ။ ပထမဆုံး ဖုန်းနဲ့ ကိုယ်စကားပြောတာကို ဗွီဒီယိုရိုက်ပြီးအရင်လေ့ကျင့်ကြည့်ဖို့ အကြံပြုချင်ပါတယ်။

(၃) ဓာတ်ပုံရိုက်ခြင်း

ဓာတ်ပုံပညာဟာ ပန်းချီပညာလိုပဲ လေ့လာစရာ အလွန်ကျယ်ပြန့်တဲ့ ပညာရပ်တခုပါ။ အခုလိုနည်းပညာခေတ်မှာ စမတ်ဖုန်းတွေနဲ့ DLSR ပညာရပ်တွေ တိုးတက်လာတာနဲ့အမျှ လူတွေက ဓာတ်ပုံကိုစိတ်ဝင်စားလာကြပါတယ်။

အရင်ကလိုမဟုတ်ဘဲ လက်ထဲမှာ စမတ်ဖုန်းတလုံးရှိတာနဲ့ ဒီပညာကို လေ့လာလို့ရတာဖြစ်ပြီး သင်ရတာရော ကိုယ်တိုင်ရိုက်တဲ့အခါရော နှစ်မျိုးလုံး ပျော်ဖို့ကောင်းပါတယ်။

(၄) ဂစ်တာတီးခြင်း

ဂစ်တာက လူတော်တော်များများ သင်ချင်ကြတဲ့ လူကြိုက်များတူရိယာပစ္စည်းတခုပါ။ သူငယ်ချင်းတွေတွေ့ရင် ဖြစ်ဖြစ် မိသားစုတွေ့ဆုံပွဲတွေမှာဖြစ်ဖြစ် ပျော်ပျော်ရွှင်ရွှင်ဂီတာတီးတတ်ကြပါတယ် ဂစ်တာအမျိုးအစားတွေ အများကြီးထဲက သင်နှစ်သက်တဲ့ဂစ်တာကို ရွေးချယ်လို့ရပါတယ်။

ဒါ့အပြင် ဂစ်တာတီးတာကနေ တခြားတူရိယာပစ္စည်းတွေ တီးတတ်ဖို့ ကြိုးစားချင်စိတ်ပါ ရလာနိုင်တယ်လေ။