ကိုရီးယား Makeup Look လေးတွေက ကြည့်ရတာမျက်နှာရှင်းရှင်းလေးနဲ့ ချစ်စရာကောင်းပါတယ်။ ပိုပြီးတော့လည်း နုပျိုသွားစေတယ်။ လူငယ်ကောင်မလေးတွေနဲ့လည်း အရမ်းလိုက်သလို၊ မိတ်ကပ်အများကြီး မပြင်ချင်တဲ့သူတွေအတွက်လည်း အဆင်ပြေတယ်။

ဒါကြောင့် ကိုရီးယား Makeup Look ပြင်ချင်တယ်ဆိုရင် ရှိထားဖို့လိုမယ့်ပစ္စည်း (၆) မျိုးကို ပြောပြပေးလိုက်တယ်နော်။

Glow Foundation (or) Cushion

ကိုရီးယား Makeup Look တွေက ပြောင်ပြောင်ကြည်ကြည်လေးမို့ Glow စေတဲ့၊ မျက်နှာပြောင်ပြောင်လေးဖြစ်စေတဲ့ Foundation (or) Cushion ရှိထားဖို့လိုပါတယ်။ မိတ်ကပ်လိမ်းပြီး ပေါင်ဒါသုံးလိုက်ရင် မျက်နှာက ပြောင်ပြောင်လေးမဖြစ်တော့တဲ့အတွက် ပေါင်ဒါကို ထပ်မသုံးပါဘူး။

Eyeshadow

Eyeshadow ကို Peach ကာလာလေးတွေ၊ ပန်းရောင်ဘက်သွားတာလေးတွေနဲ့ အရောင်နုတာလေးတွေကို ရွေးဝယ်ထားပါ။ ကိုရီးယား Makeup Look တွေမှာ အရောင်နုတာလေးကို သုံးတာများပါတယ်။ မျက်လုံးပိုလင်းပြီး နုပျိုသွားစေလို့ပါ။

Eyeliner

ကိုရီးယား Makeup Look အတွက် Eyeliner ကိုတော့ ပါးပါးလေးဆိုးပေးပါတယ်။

Mascara

ဘယ်လို Makeup Look ပဲပြင်ပြင် Mascara ကော့ပေးဖို့တော့ မမေ့ပါနဲ့။ ကိုရီးယား Makeup Look မှာဆိုရင် Eyeliner ဆိုးတဲ့အဆင့်ကိုကျော်ပြီး Mascara ပဲကော့ပေးလို့တောင်ရပါတယ်။

Blusher

ပါးနီကိုလည်း သုံးပေးဖို့မမေ့ပါနဲ့။

Lipstick, Lip Tint

ကိုရီးယား Makeup Look အတွက် နှုတ်ခမ်းနီကို ကိုယ်ကြိုက်တဲ့အရောင်ဆိုးပြီးရင် နှုတ်ခမ်းအတွင်းသားလေးတွေကို Lip Tint ရဲရဲလေးတွေ၊ အရောင်တောက်တာလေးတွေ ဆိုးပေးပါ။