မင်္ဂလာပါနော်။ Moisturizer ကိုအားလုံး လိမ်းကြမယ်လို့ ထင်ပါတယ်။ ဒါပေမယ့် တခါတလေ သင်သတိမထားမိဘဲ လုပ်မိတဲ့ အမှားလေးတွေကို ရှောင်လို့ရအောင် မျှဝေပေးချင်ပါတယ်နော်။

၁။ သင့်အသားအရေနဲ့ မသင့်တော်တာသုံးခြင်း

Moisturizer သုံးတဲ့အခါ သင့်အသားအရေနဲ့ သင့်တော်တာကို သေချာရွေးပါ။ Moisturizer မှာပါတဲ့ အညွန်းကို သေချာလေးဖတ်ပါ။ အဆီပြန်တဲ့အသားအရေလား ခြောက်သွေ့တဲ့အသားအရေအတွက် ထုတ်ထားတာလားဆိုတာ သေချာလေး မေးပြီးဝယ်ပါ။

၂။ တစ်ကြိမ်ပဲသုံးခြင်း

အထူးသဖြင့် အသားအရေခြောက်တဲ့သူတွေအနေနဲ့ Moisturizer ကို တစ်ခါမက သုံးပေးသင့်ပါတယ်။ ၂ ကြိမ် ၃ ကြိမ်လောက်သုံးပေးပါ။

၃။ နည်းနည်းပဲသုံးခြင်း

Moisturizer နည်းနည်းပဲ သုံးတာကလည်း မကောင်းပါဘူး။ အနေတော်ပဲ လိမ်းပေးပါ။

၄။ လိမ်းတဲ့အခါ ညင်ညင်သာသာ မလိမ်းခြင်း

Moisturizer လိမ်းတဲ့အခါ ညင်ညင်သာသာလေး သေချာလိမ်းပေးသင့်ပါတယ်။ မဟုတ်ရင် အသားအရေထဲကို သေချာစိမ့်ဝင်နိုင်စွမ်းရှိမှာမဟုတ်ပါဘူး။

၅။ ဝက်ခြံပေါက်လို့ မလိမ်းခြင်း

မျက်နှာပေါ်မှာ ဝက်ခြံဖြစ်နေရင်လည်း Moisturizer လိမ်းပေးဖို့လိုပါတယ်နော်။ အဆီပြန်တတ်တဲ့ အသားအရေဆိုရင် Water-Base Moisturizer ကို သုံးပေးပါ။

၆။ နည်းလမ်းတကျမသုံးခြင်း

အရင်ဆုံး မိတ်ကပ်ကို Cleaner နဲ့ သေချာဖျက်လိုက်ပါ။ ပြီးရင် မျက်နှာသစ်လိုက်ပါ။ အဲဒီနောက် တိုနာ တစ်ခါထပ်လိမ်းလိုက်ပြီး Moisturizer လိမ်းပေးလိုက်ပါ။