အကြောင်းအမျိုးမျိုးကြောင့် မျက်စိအားမကောင်းတော့လို့ မျက်မှန်တပ်ရတာက ထွေရာလေးပါးပြောရမယ့် ကိစ္စမဟုတ်သလို ရေးကြီးတခွင်ယူရလောက်တဲ့အထိ မလိုရအောင်လည်း ရိုးရှင်းတဲ့ကိစ္စတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် မျက်မှန်တပ်ထားရသူတွေအနေနဲ့ သူတို့ရဲ့တစ်နေ့တာမှာ သာမန်လူတွေထက်ကို ပိုပြီးတော့ ရင်ဆိုင်တွေ့ကြုံနေရတဲ့ အခက်အခဲတွေရှိနေပါတယ်။

အခုဒီဆောင်းပါးလေးကိုဖတ်နေတဲ့ စာဖတ်သူတွေထဲမှာရော မျက်မှန်တပ်နေရတဲ့သူတွေပါတယ်ဆိုရင် အခုပြောပြပေးမယ့် အခက်အခဲလေးတွေအပြင် တခြားဘယ်လို ပြဿနာတွေလည်း ရင်ဆိုင်ရသေးတယ်ဆိုတာ ပြောပြပေးခဲ့ပါအုံးနော်။

၁။ ကော်ဖီပူပူ၊ လက်ဖက်ရည်ပူပူလေးမှုတ်သောက်ရင်းနဲ့ တီဗီကြည့်ဖို့က မလွယ်ကူတဲ့အခြေအနေပါ

၂။ တီဗီကြည့်တာကြာလာလို့ ဘေးတစောင်းလှဲပြီးကြည့်မယ်တွေးလိုက်တိုင်း ဒီပြဿနာက အရင်ရှင်းရပါတယ်

၃။ မျက်မှန်ချွတ်ပြီး မိတ်ကပ်လိမ်းမယ်ဆို မှန်ထဲဝင်သွားတော့မလားထင်ရအောင် အနားကပ်ကြည့်ပြီး ပြင်ရတာလည်းအမောပါ

၄။ မျက်မှန်ပါဝါများလေ သူများအမြင်မှာ ကိုယ့်မျက်လုံးပေါက်သေးလေပါပဲ

၅။ “လေးလုံး” လို့ အခေါ်ခံရဖူးပါသလား၊ တခါတလေ “ခြောက်လုံး” တောင်ဖြစ်တတ်ပါသေးတယ်

၆။ အလကားနေဒေါသထွက်နေသူ၊ သူများကိုဘုကလန့်ကြည့်တတ်သူလို့ အထင်မလွဲလိုက်ပါနဲ့..မျက်မှန်မပါလို့ သေချာကြည့်နေရတာပါ

၇။ ကံကြမ္မာက မျက်နှာနှစ်ဖက်များတတ်ပါတယ်

Source: BrightSide

By MyStyle Myanmar