လူတွေ တော်တော်များများ ခြေချိတ်ထိုင်တတ်ကြတယ်နော်။ ခြေချိတ်ထိုင်တာဟာ ကျန်းမာရေးဆိုးကျိုးတချို့ရှိနေတယ်ဆိုတာကို လူသိနည်းကြပါတယ်။ တချို့ကတော့ သိပေမယ့် မပြင်ကြပါဘူး။ ဒီလိုခြေချိတ်ထိုင်တာ ကြာလာတာနဲ့အမျှကျန်းမာရေး အတွက်ဆိုးကျိုးတွေဖြစ်စေပါတယ်။

သွေးတိုးခြင်းနဲ့ နှလုံးကျန်းမာရေးကိုထိခိုက်စေတယ်

၂၀၀၇ ခုနှစ်က သုတေသီတွေရဲ့ လေ့လာတွေ့ရှိချက်အရ ခြေချိတ်ထိုင်တတ်တဲ့သူတွေဟာ ခြေထောက်ကို ဖိအားပေးလွန်းတာကြောင့် သွေးတိုးတာမျိုး ဖြစ်ပေါ်စေပါတယ်။ သွေးတိုးတယ်ဆိုရင် နှလုံးကျန်းမာရေးကိုလည်း ထိခိုက်စေလို့ ခြေချိတ်ထိုင်တာမျိုးကို တတ်နိုင်သမျှ မလုပ်မိဖို့ သတိထားသင့် ပါတယ်။

ကြွက်တက်နိုင်တယ်

ခြေချိတ်ထိုင်တာအချိန်ကြာလာတာနဲ့အမျှ ခြေထောက် ကြွက်တက်ခြင်းကို ဖြစ်ပေါ်စေပါတယ်။ ခြေထောက်ထုံကျင်တာမျိုး ခြေသလုံး ကြွက်သား ထုံတာမျိုးဖြစ်နိုင်လို့ ကြွက်တက်စေနိုင်တာဖြစ်ပါတယ်။

သွေးလည်ပတ်မှုကို လျှော့နည်းစေခြင်း

ခြေချိတ်ထိုင်မယ်ဆိုရင် ခြေသလုံးနဲ့ပေါင်သားကိုဖိအားပေးသလိုဖြစ်တာကြောင့် အချိန်ကြာလာနဲ့အမျှ သွေးလည်ပတ်မှုကို လျှော့ကျစေပါတယ်။

တင်ပဆုံရိုးနဲ့ ခါးနာခြင်း

ဒီလိုမျိုး ခါးနာတာနဲ့လည်ပင်းနာကျင်တာတွေဟာ ကိုယ်အလေးချိန်များတဲ့သူတွေမှာ ပိုပြီး အဖြစ်များပါတယ်။ ခြေထောက်ချိတ်ထိုင်တာများရင် ခါးလိမ်သလိုမျိုးဖြစ်တာကြောင့် ခါးနာကျင်စေပါတယ်။ အထိုင်များရင်လည်း တင်ပဆုံရိုးနာကျင်တာမျိုးဖြစ်နိုင်ပါတယ်။