သင်က သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ ဘဝမှာ အနည်းဆုံး တစ်ခါလောက်တော့ ခရီးထွက်ဖူးမှာပါ။ ဒီလို သွားတဲ့အချိန် ဓာတ်ပုံလှလှလေးတွေ ရိုက်ဖူးမှာပါ။ အခုပြောပြမယ့် ပို့စ်တွေကတော့ သင်ကမ်းခြေ ရောက်တဲ့အခါ ဒါမှမဟုတ် ခရီးသွားရင်း လှတဲ့နေရာတွေ တွေ့ရင် ထိုင်ရင်း ပို့စ်ပေးနည်းတွေ ဖြစ်ပါတယ်။

နေကာနေတဲ့ ပုံစံ

သင်က ခုံတန်းရှည်ပေါ်မှာ ထိုင်ပြီး ခြေချိတ်ထားကာ နေကာနေတဲ့ ပုံစံလေး ပို့စ်ပေးနိုင်ပါတယ်။

ဆံပင်လေး သပ်ပြီး ရယ်နေတဲ့ပုံစံ

ပုံထဲက ပုံစံနဲ့ ထိုင်ခုံပေါ်မှာ ထိုင်ကာ ဆံပင်လေး သပ်ရင်း ရယ်နေတဲ့ ပုံစံလေးက သဘာဝကျပါတယ်။

ပေါ့ပေါ့ပါးပါး စတိုင်

ထိုင်နေတဲ့ ထိုင်ခုံပေါ်မှာ လက်ကလေး ထောက်ပြီး သက်တောင့်သက်သာ ထိုင်နေပြီး ရယ်နေတဲ့ ပုံစံလေးက ကြည့်တဲ့သူကိုပါ သက်တောင့်သက်သာ ဖြစ်စေပါတယ်။

ဆွဲဆောင်မှုရှိရှိ စတိုင်

သင်က ခပ်မိုက်မိုက်စတိုင်နဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့ ပုံစံလေး လိုချင်ရင် ပုံထဲကလို ပို့စ်ပေးနိုင်ပါတယ်။

မေးထောက်ရင်း တစ်ဘက်ကြည့်နေတဲ့ စတိုင်

သင်က ကြည့်ကောင်းတဲ့ ဆိုင်တစ်ဆိုင်မှာ ဝင်ထိုင်နေတုန်း ကင်မရာမန်းကို ချက်ချင်း ဓာတ်ပုံရိုက်ခိုင်းနိုင်ပါတယ်။ မှာထားတာ စောင့်ရင်း တခြားဘက် ကြည့်နေတဲ့ စတိုင်လေး လုပ်နိုင်ပါတယ်။

မျက်နှာ မပြချင်တဲ့ ကောင်မလေးတွေအတွက်

ခုံမှာ ထိုင်ရင်း ခြေထောက် တစ်ဘက်ကို အပေါ်မြှောက်ထားကာ လမ်းနှစ်ချောင်း ထောင်နိုင်ပါတယ်။ သင့်မျက်နှာလေးကို ကွယ်ချင်ရင် ဦးထုပ်ဆောင်းထားနိုင်ပါတယ်။

ထိုင်ရင်း တစ်ချက်ကြည့်လိုက်တဲ့ စတိုင်

သင်က ကမ်းခြေကို နောက်ခံထားရင်း ထိုင်နေတဲ့ ပုံစံလေး ဓာတ်ပုံရိုက်နိုင်ပါတယ်။ ထိုင်စရာ လှလှလေး ရှိရင် ဒီလို တစ်ကိုယ်လုံး ထိုင်ချပစ်ကာ ဖုန်းကြည့်ရင်း ကင်မရာဆီ တစ်ချက် ကြည့် ပို့စ်ပေးနိုင်ပါတယ်။

ခြေထောက်လေးကို ဆွဲဆောင်မှုရှိရှိ

သင်က ခြေထောက်လေးကို ပုံထဲကလို အနေအထားနဲ့ ထိုင်မယ်ဆိုရင် ဆွဲဆောင်မှုရှိတဲ့ စတိုင်လေး ပိုင်ဆိုင်စေပါလိမ့်မယ်။

မျက်နှာလေးကို ကွယ်ထားမယ်

နေပူတဲ့အချိန် မျက်နှာလေး ကွယ်ထားကာ ဖုန်းသုံးနေတာက ပို့စ်ပေးစရာမလိုဘဲကို လှနေပါလိမ့်မယ်။

ဆံမြိတ်လေးကို ကိုင်ထားမယ်

နေပူလွန်းလို့ မျက်လုံး မဖွင့်နိုင်တဲ့အချိန် အပြည့်အဝ ရယ်နိုင်ပါတယ်။ ရယ်ရင်း ဆံမြိတ်လေးပါ ကိုင်ပြီး ပို့စ်ပေးနိုင်ပါတယ်။

Photo source: Pinterest

By MyStyle Myanmar