ဓာတ်ပုံရိုက်ရင် ထိုင်ပြီးပို့စ်ပေးတာတောင် သေချာမပေးတတ်တဲ့သူတွေအတွက် အထာကျကျနဲ့ မိုက်နေစေမယ့်၊ ပုံထွက်ပိုကောင်းသွားစေမယ့် sitting pose idea တွေကို မျှဝေပေးလိုက်ပါတယ်။ ဓာတ်ပုံရိုက်ရတာကို ဝါသနာပါတဲ့ ကောင်မလေးတွေအတွက်ကတော့ အရမ်းကိုအသုံးဝင်မှာပါ။

ခုံမှာ ဘေးတစ်စောင်းထိုင်ပြီးရိုက်ရင် ပထမပုံထဲကလိုနေတာ လုံးဝအဆင်မပြေပါဘူး။ ဒုတိယပုံထဲကလို သေချာထိုင်ပြီး ခြေထောက်ကိုဆန့်ထုတ်ပြီး ပို့စ်ပေးကြည့်ပါ။ အထာကျကျနဲ့ အရမ်းမိုက်ပါတယ်။

တည့်တည့်ထိုင်ပြီးရိုက်မယ်ဆိုရင် ဒုတိယပုံထဲကလို သေချာထိုင်ပြီး ပို့စ်ပေးကြည့်ပါ။ အရမ်းမိုက်ပါတယ်။ အခုခေတ်စားနေတဲ့ jean pant လေးတွေသာဝတ်ထားရင် ပိုမိုက်မှာပါ။

လှေကားထစ်တွေမှာ ထိုင်ရိုက်မယ်ဆိုရင် ခြေထောက်ကို သေချာထားတတ်ဖို့လိုပါတယ်။ ခြေထောက်ပုံစံမမှန်ရင် ပုံထွက်လုံးဝမလှပါဘူး။ ဒါကြောင့် လှေကားထစ်မှာ ထိုင်ရိုက်မယ်ဆိုရင် ဒုတိယပုံထဲကလို သေချာထိုင်ပြီး ပို့စ်ပေးပါ။

ဆောင့်ကြောင့်ထိုင်ပြီး ပို့စ်ပေးမယ်ဆိုရင်လည်း ဒုတိယပုံမှာပြထားတဲ့အတိုင်းလေး ပို့စ်ပေးကြည့်ပါ။ ချစ်ဖို့ကောင်းပြီး ပုံထွက်လည်းလှပါတယ်။

ဒူးထောက်ပြီး mirror selfie ရိုက်မယ်ဆိုရင် ဒုတိယပုံထဲကလို ခြေထောက်တစ်ဖက်ကိုဆန့်ထုတ်ပြီး ခါးထောက်ရိုက်ကြည့်ပါ။ အထာကျကျနဲ့ အရမ်းမိုက်ပါတယ်။

ရှေ့တည့်တည့်အနေအထားနဲ့ ရိုက်မယ်ဆိုရင် ပထမပုံထဲကလိုပုံစံက ကြောက်နေသလိုပုံစံမျိုး ဖြစ်နေစေပါတယ်။ ဒါကြောင့် ဒုတိယပုံထဲကလို ပို့စ်ပေးပြီး ရိုက်ကြည့်ပါ။

Mirror selfie ကို ဒီလိုထိုင်ရိုက်မယ်ဆိုရင် လက်အနေအထားကလည်း အရေးကြီးပါတယ်။ ဒူးပေါ်ကို လက်တင်ထားတာမျိုးက ပုံပျက်စေပါတယ်။ ဒါကြောင့် လက်ကို ဒီတိုင်းပဲဘေးချထားပြီးရိုက်ပါ။

ထိုင်ခုံမှာထိုင်ပြီးပို့စ်ပေးရင် ပထမပုံထဲကလို စုထိုင်နေတာက အရမ်းကြည့်ရဆိုးစေပါတယ်။ ကုတ်ချောင်းချောင်းပုံစံ ဖြစ်နေစေပါတယ်။ ဒါကြောင့် ဒုတိယပုံထဲကလို သေချာထိုင်ပြီး ပို့စ်ပေးကြည့်ပါ။

ခြေထောက်ကိုချိတ်ပြီးထိုင်မယ်ဆိုရင် တော်တော်များများက ပထမပုံထဲကလိုချိတ်ထိုင်ပြီး ပို့စ်ပေးတတ်ကြပါတယ်။ အဲ့လိုထိုင်တာက ခြေသလုံးကြီးသလို ဖြစ်စေပါတယ်။ ဒါကြောင့် ဒုတိယပုံထဲကလို ချိတ်ထိုင်ပါ။ ခြေထောက်လည်းသွယ်ပြီး အရပ်လည်းပိုရှည်သလို ဖြစ်သွားစေပါတယ်။

ရှေ့တည့်တည့်ထိုင်ရိုက်မယ်ဆိုရင်လည်း ဒုတိယပုံထဲကလို ဖင်ကိုနည်းနည်းလျှောထိုင်ပြီး ခြေထောက်ကို အရှေ့ဆန့်ထုတ်ထားပါ။ ပုံထွက်လှပြီး အရပ်လည်းပိုရှည်သလို ဖြစ်သွားစေပါတယ်။

Photo source:www.pinterest.com