သင်က သင့်ညီမ ဒါမှမဟုတ် သင့်အမနဲ့ ပို့စ်ပေးပြီးဓာတ်ပုံတူတူ ရိုက်ဖူးလား။ ဒါမှမဟုတ် သူနဲ့ မတည့်တဲ့ အချိန်က များတာမို့ တစ်ခါမှ မရိုက်ဖြစ်ဘူးလား။ ဒါပေမဲ့ ကိုယ့်သွေးသားအရင်းတွေက ဒီလူတွေပဲ ရှိတာမို့ အမှတ်တရ ဓာတ်ပုံလေးတွေ ရှိထားသင့်ပါတယ်။ ညီအမ အများစုက မျက်နှာပုံစံ လုံးဝ မတူရင်တောင် ဆင်တူမျက်နှာပေါက်လေးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့်လည်း တူတူ ဓာတ်ပုံရိုက်ရင် ပိုထူးခြားပြီး ချစ်ဖို့ကောင်းနေတတ်ပါတယ်။

သင့်ညီမ၊ အမနဲ့ ဓာတ်ပုံရိုက်တဲ့အချိန် ဘယ်လိုပို့စ်ပေးရမှန်း မသိဘူးဆိုရင်တော့ ဒီအကြောင်းအရာက သင့်အတွက်ပါ။ ဓာတ်ပုံရိုက်လက်စနဲ့ ထူးထူးခြားခြားလေး ဖြစ်သွားရင် ပိုကောင်းပါတယ်။ ဒီတော့ ညီအမတွေ ဘယ်လိုပို့စ်ပေးနိုင်မလဲ ကြည့်လိုက်ရအောင်နော်-

လက်တွဲထားကာ တစ်ယောက်မျက်နှာ တစ်ယောက် ရယ်ပြီး ကြည့်မယ်

တစ်ယောက်က ခန္ဓာကိုယ်ကို အတည့်ထားကာ ကျန်တစ်ယောက်က မှီထားမယ်

တစ်ယောက်ယောက် ပေါ်ကို လက်ထောက် တင်ထားမယ်

အမကို မှီထားမယ်

အလှပုံ ရိုက်ချင်တဲ့ ညီအမတွေအတွက်

ပွေ့ဖက်ထားမယ်

အမကို နောက်ကနေ မှီထားမယ်

ဆံပင်အရှည် တူတဲ့ သူတွေအတွက်

ကောင်းကင်ပြာကို နောက်ခံထားမယ်

နိုင်တဲ့ တစ်ယောက်က တခြားတစ်ယောက်ကို ကုန်းပိုးထားမယ်

သင့်အမ၊ ညီမကို Mention ခေါ်ဖို့ မမေ့နဲ့နော်။

Photo Source: Pinterest

By MyStyle Myanmar