အားလုံးပဲ မင်္ဂလာပါနော်။ Kpop ပရိသတ်တွေထဲမှာတော့ BLACKPINK အဖွဲ့ကိုမသိတဲ့သူမရှိပါဘူး။ BLACKPINK အဖွဲ့ဝင်လေးယောက်စလုံးဟာ လက်ရှိမှာ အဆို၊အက၊ ဖက်ရှင် Modeling စတဲ့ နယ်ပယ်များစွာမှာ အောင်မြင်မှုရရှိနေကြသူတွေဖြစ်ပါတယ်။

BLACKPINK အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Jisoo ကိုတော့ မျက်နှာအစိတ်အပိုင်းတစ်ခုချင်း အချိုးကျပြီး ပြည့်စုံနေတဲ့ အလှတရားကြောင့် အလှဆုံးကိုးရီးယားအနုပညာရှင်တွေထဲက တစ်ဦးအဖြစ် ပရိသတ်တွေက သတ်မှတ်ကြလေ့ရှိပါတယ်။

အသက် (၂၆) နှစ်ရှိပြီဖြစ်တဲ့ Jisoo ကို ဒီနှစ်ကုန်ပိုင်းမှာ သူမရဲ့ ပထမဆုံး Drama ဇာတ်လမ်းဖြစ်တဲ့ “Snowdrop” နဲ့အတူ မင်းသမီးတစ်ဦးအဖြစ်မြင်တွေ့မြင်ခဲ့ရပြီးပြီလည်း ဖြစ်မှာပါနော်..

သဘာဝဆန်တဲ့အလှကိုပိုင်ဆိုင်ထားတဲ့ Jisoo က အလှအပပိုင်းနဲ့ပတ်သက်ပြီး သူမပြုလုပ်လေ့ရှိတဲ့ ထိန်းသိမ်းနည်းတွေကို ပြောပြခဲ့ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာ ပျိုမေတို့ကိုယ်တိုင်လိုက်လုပ်နိုင်မယ့် Jisoo ရဲ့ အလှအပထိန်းသိမ်းနည်း လျို့ဝှက်ချက်အချို့ကို မျှဝေပေးလိုက်ပါတယ်။

Jisoo ဟာ Idol တစ်ဦးအနေနဲ့ Makeup မကြာခဏလိမ်းရပေမယ့် Skincare သုံးရတာကို ပိုကြိုက်တဲ့သူ ဖြစ်ပါတယ်။ သူမရဲ့ Cosmetic ထည့်တဲ့အိတ်ထဲမှာဆိုရင်လည်း Makeup ပစ္စည်းတွေထက် Skincare တွေကိုပိုထည့်ထားလေ့ရှိတယ်လို့ပြောပြခဲ့ပါတယ်။


သူမက Dry Skin ရှိတဲ့သူတစ်ယောက် ဖြစ်တာကြောင့် အသားခြောက်တာသက်သာပြီး ဝက်ခြံထွက်ခြင်းတွေကို ကာကွယ်နိုင်ဖို့ Mask ကိုတစ်နေ့ နှစ်ခါမှ သုံးခါအထိ ကပ်လေ့ရှိပြီး ရေများများလည်း သောက်ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ မျက်နှာသန့်စင်ဖို့ Cleansing ကို အဓိကပြုလုပ်ပေးလေ့ရှိပြီး ညအိပ်ရာမဝင်ခင်မှာလည်း Moisturizer ပုံမှန်လိမ်းပေးလေ့ရှိတယ်လို့ဆိုပါတယ်။


Jisoo ဟာ သူမရဲ့နှုတ်ခမ်းကို Exfoliate ပုံမှန်ပြုလုပ်ပေးတတ်ပြီး Bubblegum တံဆိပ် Lip Scrub ကိုအသုံးပြုလေ့ရှိပါတယ်။ ဒါ့အပြင် နှုတ်ခမ်းအစိုဓာတ်ရှိစေဖို့အတွက်လည်း Lip Balm နဲ့ Vaseline ရဲ့ Repairing Jelly တို့ဆိုးတတ်ပါတယ်။ လက်အသားအရေအတွက်လည်း Hand Cream အမြဲဆောင်ထားတတ်သူဖြစ်ပါတယ်။


မိတ်ကပ်လိမ်းတဲ့အခါမှာတော့ ကျက်သရေရှိတဲ့ သဘာဝအလှကိုပေါ်လွင်ဖို့အတွက် မိတ်ကပ်အရောင် ခပ်မှိန်မှိန်နဲ့ နှုတ်ခမ်းနီထင်းထင်းလေးတွေပါဝင်တဲ့ Look မျိုးကို လိမ်းခြယ်တတ်သူဖြစ်ပါတယ်။


နောက်ထပ် သူမရဲ့အသားအရေထိန်းသိမ်းရေး လျို့ဝှက်ချက်တစ်ခုကတော့ ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အစားအသောက်တွေ စားသုံးခြင်းပါပဲ။ သူမဟာ အသားအရေနုပျိုတင်းရင်းစေတဲ့ Collagen ဓာတ်တွေပါဝင်တဲ့ အစားအစာတွေကို မပါမဖြစ်စားသုံးလေ့ရှိသူတစ်ဦးလည်းဖြစ်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar