မင်္ဂလာပါနော်။ လက်ရှိအချိန် တောင်ကိုရီးယားနိုင်ငံမှာ နာမည်ကျော်နေတဲ့ အမျိုးသမီးအဖွဲ့သစ်တစ်ခုလို့ဆိုလိုက်ရင် မိန်းကလေးခြောက်ယောက်နဲ့ဖွဲ့စည်းထားတဲ့ IVE ကို ပြေးမြင်ကြမယ်ဆိုတာ သေချာပါတယ်နော်။ အခုတစ်ခေါက် MyStyle Myanmar ရဲ့ အနုပညာရှင်တို့ရဲ့ဖက်ရှင်ကဏ္ဍကနေတဆင့် တင်ဆက်ပေးသွားဖို့ ရွေးချယ်ထားသူလေးကတော့ IVE အဖွဲ့ထဲက Gaeul ပဲဖြစ်ပါတယ်။

Gaeul ရဲ့ နာမည်အပြည့်အစုံက Kim Ga Eul ဖြစ်ပြီးတော့ သူမကို ၂၀၀၂ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့က တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ အစ်ကိုတစ်ယောက်ရှိပြီး အလယ်တန်းရော အထက်တန်းရောပါ မိန်းကလေးကျောင်းတွေချည်း တက်ခဲ့ပါတယ်။

IVE အဖွဲ့ထဲမှာ အသက်အကြီးဆုံး အဖွဲ့ဝင်ဖြစ်ပြီး အရပ်အမြင့်ကတော့ ၅ ပေ ၅ လက်မ ရှိပြီး မနိမ့်မမြင့်အရပ်လို့ ပြောလို့ရပါတယ်နော်။

အကနဲ့ပတ်သက်ပြီး အင်မတန်ဝါသနာပါတာကြောင့် ပြိုင်ပွဲတွေဆိုရင်လည်း ခဏခဏ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ဖူးပါတယ်။ JYP Entertainment ကနေပြီး ကမ်းလှမ်းလာခဲ့တုန်းက မိဘတွေသဘောမတူလို့ ငြင်းဆိုခဲ့ရပေမယ့် နောက်တစ်ခေါက် ကမ်းလှမ်းခံခဲ့ရမယ်ဆိုရင် သူမရဲ့ပါရမီကို လက်ခံပြီး အိုင်ဒေါလ်လုပ်ဖို့ ခွင့်ပြုဖို့ မိဘတွေနဲ့ သဘောတူညီချက်လုပ်ခဲ့ပါတယ်။

မကြာခင်မှာပဲ ပြိုင်ပွဲတစ်ခုဝင်ပြိုင်နေရင်း Starship Entertainment ရဲ့ ကမ်းလှမ်းမှုကို လက်ခံရရှိပြီးနောက် Audition အောင်ကာ တရားဝင် Trainee ဖြစ်လာခဲ့ပါတယ်။ ၈ တန်းအရွယ်ကတည်းက Trainee ဖြစ်လာခဲ့တာမို့ Debut လုပ်ဖို့ အချိန် ၃-၄ နှစ်လောက် ကြာမြင့်ခဲ့ပါတယ်။

ခန္ဓာကိုယ်သေးသေးလေးနဲ့ မိန်းကလေးတွေသဘောကျမယ့် ဖက်ရှင်လေးတွေကို ဝတ်ဆင်လေ့ရှိတာမို့ Gaeul ရဲ့ ပရိသတ်တွေအတွက် သူဝတ်ဆင်ခဲ့တဲ့ ဖက်ရှင်တချို့ကို မျှဝေပေးလိုက်တယ်နော်။

Image Source: Pinterest