ရင်သားလုံးဝန်းပြီး တင်းရင်းလှပစေမယ့် အရိုးရှင်းဆုံးလေ့ကျင့်ခန်းတွေကို မျှဝေပေးလိုက်ပါတယ်။ ဒီလေ့ကျင့်ခန်းတွေက ရင်သားတွဲကျတဲ့သူတွေ၊ ရင်သားသေးလို့ ကြီးချင်တဲ့သူတွေအတွက်လည်း အသုံးဝင်စေတဲ့ လေ့ကျင့်ခန်းတွေပါ။ သေချာသိသာဖို့ဆိုရင်တော့ နေ့တိုင်း အချိန်မှန်မှန် လုပ်ပေးမှ ရပါမယ်။

ပုံမှာပြထားတဲ့အနေအထားနဲ့ ၅ စက္ကန့်နေပေးပါ။ ပြီးရင် ခဏနားပြီး ပြန်လုပ်ပါ။ အဲ့အတိုင်း ၃ ကြိမ်ပြည့်အောင် လုပ်ပေးရုံပါပဲ။

ပုံမှာပြထားတဲ့အနေအထားအတိုင်း ကိုယ်ကိုမတ်နေအောင်ထားပြီး လက်နှစ်ဖက်ကို အဲ့အတိုင်းထားကာ စက္ကန့် ၃၀ ရအောင် နေပေးပါ။

ပုံမှာပြထားတဲ့အနေအထားအတိုင်း ခန္ဓာကိုယ်ကို မတ်နေအောင်ရပ်ပြီး လက်ကို နံရံနဲ့ထိအောင် ဆန့်တန်းထားပါ။ အဲ့အတိုင်း စက္ကန့် ၂၀ နေ၊ ၁၀ စက္ကန့် နားနဲ့ ၃ ကြိမ်လုပ်ပေးပါ။

ပုံမှာပြထားတဲ့အနေအထားအတိုင်း စက္ကန့် ၂၀ နေပေးပါ။ ပြီးရင် ၁၀ စက္ကန့်နားပြီး ပြန်လုပ်ပါ။ ၃ ကြိမ်ပြည့်အောင် လုပ်ပေးရပါမယ်။

ပုံမှာပြထားတဲ့အနေအထားအတိုင်း ခြေထောက်ကို လိမ်ပြီး အဲ့အတိုင်း ဒိုက်ထိုးပေးရမှာပါ။ ဒီလေ့ကျင့်ခန်းကိုတော့ ၁၅ ကြိမ် ဆက်တိုက်လုပ်ပြီး ခဏနား၊ ပြီးရင် ပြန်လုပ်ပါ။ ၁၅ ကြိမ် ၃ ခါ လုပ်ပေးရပါမယ်။

ပုံမှာပြထားတဲ့အနေအထားအတိုင်း ကုန်းပြီးတော့ပဲ အလေးနဲ့ဆော့ပေးရမှာပါ။ အလေးကိုကိုင်ပြီး ပုံမှာပြထားတဲ့အတိုင်း ဘေးကိုကားလိုက်၊ အရှေ့ကို ပြန်စုလိုက် လုပ်ပေးရပါမယ်။ ၁၂ ကြိမ် ဆက်တိုက်လုပ်ပြီး ခဏနားပါ။ ပြီးရင် ၁၂ ကြိမ် ထပ်လုပ်ပေးပါ။

Workout လုပ်တဲ့ ဘောလုံးရှိရင်တော့ ပိုကောင်းပါတယ်။ မရှိရင် ဆိုဖာခုံသေးလေးပေါ်မှာ လုပ်လည်း ရပါတယ်။ ပုံမှာပြထားတဲ့အနေအထားနဲ့ စနေပါ။ အလေးမရှိရင် ရေသန့်ဘူးကို သုံးလို့ရပါတယ်။ အဲ့အတိုင်း အလေးကို အပေါ်မြှောက်လိုက်၊ ရင်ဘတ်နားပြန်ချလိုက်နဲ့ ၈ ကြိမ် ဆက်တိုက် လုပ်ပေးရပါမယ်။ ၈ ကြိမ် ပြည့်ရင် ခဏနားပြီး ၈ ကြိမ် ၃ ခါ လုပ်ပေးပါ။

Source: www.brightside.me