အမျိုးသားတွေထက် အမျိုးသမီးတွေရဲ့ဘဝဟာ တစ်ခါတစ်လေမှာ စိတ်ဖိစီးမှုဖြစ်စရာတွေ ပိုပြီးပေါများလှပါတယ်။ ဒါပေမယ့် အခုပြောပြပေးသွားမယ့် နည်းလမ်းလေးတွေသာ သိထားမယ်ဆိုရင် စာဖတ်သူ အမျိုးသမီးတို့ရဲ့ဘဝမှာ အပူအပင်တွေ နည်းနည်းလောက် လျော့ကျသွားစေဖို့ မျှော်လင့်ပါတယ်နော်။

ရိုးရှင်းတယ်လို့ ကိုယ်ထင်ထားခဲ့ဖူးတဲ့ တချို့နည်းလမ်းလေးတွေက ကိုယ့်အတွက် တချိန်ချိန်မှာ အရမ်းအသုံးဝင်လာစေနိုင်တာမို့ ဘာပဲဖြစ်ဖြစ် သိထားရင်တော့ မမှားပါဘူး။

ကဲ…ဒါဆိုရင် အမျိုးသမီးတွေအတွက် အသုံးဝင်စေမယ့် နည်းလမ်းလေးတွေကို အခုပဲ ပြောပြပေးမယ်နော်။

၁။ ရာသီချိန် နာကျင်မှုတွေအတွက်

အမျိုးသမီးအများစုဟာ ရာသီလာချိန်မှာ ကိုက်ခဲမှုကို ဘယ်လိုမှရှောင်လွှဲလို့မရတဲ့ အခြေအနေပါ။ အခုလိုကိုက်ခဲပြီဆိုရင် ခဲတံတစ်ချောင်းရဲ့ ခဲဖျက်ထိပ်ကို ပုံမှာပြထားသလိုမျိုး နားကိုနှိပ်ပေးလိုက်ပါ။ တစ်မိနစ်လောက်ပြည့်ပြီဆိုရင် နောက်တစ်ဖက်ပြောင်းပါ။

၂။ အမွှေးအမျှင်ရိတ်ပြီးရင် ရှတတဖြစ်နေတာအတွက်

ခန္ဓာကိုယ်က အမွှေးအမျှင်တွေကို ဘလိတ်ဓားနဲ့ရိတ်ရှင်းပြီးလို့ အသားမှာ ရှတတဖြစ်နေခဲ့တာကို ရှောင်ရှားဖို့အတွက် ရိတ်ပြီး နှစ်ရက်အကြာမှာ Fragrance-free Shaving Cream သို့မဟုတ် ဆပ်ပြာနဲ့ ချေးချွတ်ပေးပါ။ ဒီလိုလုပ်ပေးခြင်းက အသားထဲမှာ မြုပ်နေနိုင်တဲ့ အမွှေးနုလေးတွေကို ထွက်လာစေမှာမို့ပါ။

၃။ ရာသီချိန်ကိုက်ခဲမှုကို သက်သာစေဖို့

Dysmenorrhea လို့ခေါ်တဲ့ ရာသီချိန်ကိုက်ခဲမှုတွေဟာ ရာသီလာချိန်မှာရော မလာသေးခင်အချိန်မှာရော ဖြစ်ပွားတတ်ပါတယ်။ ဝမ်းဗိုက်အောက်ပိုင်း၊ ကျောဖက်၊ တခါတလေဆို ပေါင်ရင်းတွေမှာပါ ကိုက်ခဲနာကျင်ဝေဒနာကို ခံစားရတာပါ။ ဒီလိုနာကျင်မှုကို သက်သာစေချင်ရင် ရာသီမလာခင် တစ်ရက်အလိုကတည်းက အကိုက်အခဲပျောက်ဆေးကို ကြိုပြီးသောက်ထားပေးပါ။

၄။ အဆီပြန်တဲ့ဆံသား

အကယ်လို့ သင်က အဆီပြန်တတ်တဲ့ဆံသားပိုင်ရှင်ဆိုရင် ခေါင်းလျှော်တဲ့အခါ ခေါင်းလျှော်ရည်မသုံးခင် Conditioner အရင်သုံးပါ။ ဒီလိုမျိုး သူများတွေနဲ့မတူဘဲ ပြောင်းပြန်လုပ်ပြီးခေါင်းလျှော်မယ်ဆိုရင် ဆံသားကို သက်သာစေမှာဖြစ်ပါတယ်။

၅။ အဆီကွက်တွေကို ဖယ်ရှားဖို့

အကျီတွေမှာ မတော်တဆ စွန်းထင်းသွားတဲ့ အဆီကွက်တွေကို ဖယ်ရှားဖို့အတွက် ကလေးပေါင်ဒါမှုန့်ကို အသုံးပြုနိုင်ပါတယ်။ အဆီကွက်အပေါ်မှာ ပေါင်ဒါမှုန့်ကိုဖြူးလိုက်ပြီး အဆီတွေကိုစုပ်သွားအောင် ခဏထားလိုက်ပါ။ တစ်ညထားပြီးရင် အဲ့ပေါင်ဒါမှုန့်တွေကို နူးညံ့တဲ့သွားပွတ်တံနဲ့ ပွတ်ပြီးရှင်းထုတ်လိုက်ပါ။

Source: BrightSide