မင်္ဂလာပါပျိုမေတို့ရေ။ နေရောင်ထိတွေ့မှုများတာကြောင့် နဂိုအသားလေးဖြူနေရာကနေ အသားလေးညိုမည်းသွားလို့ စိတ်ညစ်နေပြီလား။

ဒါမှမဟုတ် ဈေးကွက်ထဲမှာရတဲ့ အသားဖြူ ခရင်မ်တွေမသုံးရဲလို့ သဘာဝအသားဖြူတဲ့နည်းလမ်းလေးကိုမှ သိချင်ပါတယ်ဆိုတဲ့ ပျိုမေတို့အတွက် နည်းလမ်း ၃ သွယ်ကိုမျှဝေပေးသွားပါမယ်။

သံပုယိုသီး (သို့) သံပုရာသီး

သံပုယိုသီး ရှာရခက်ရင် သံပုရာသီး သုံးလို့ရပါတယ်နော်။ ဗီတာမင် C ပါဝင်တာကြောင့် အသားအရေကို သဘာဝအတိုင်း ဖြူဝင်းစေပါတယ်။ ဒါ့အပြင် အသားအရေပေါ်က အညစ်အကြေးတွေကိုသန့်စင်ပေးနိုင်ပြီး အမည်းစက်တွေကို ကုသပေးနိုင်ပါတယ်။

သံပုယိုသီး (သို့) သံပုရာသီးကိုအရည်ညှစ်ပြီး ဝါဂွမ်းစနဲ့ နစ်ယူလိုက်ပါ။ ပြီးရင်မျက်နှာပေါ်မှ ပွတ်လိမ်းပေးပါ။ ခြောက်အောင်ထားပြီး ရေနွေးနဲ့မျက်နှာသစ်ပါ။

ပျားရည်

Woman pouring Honey on Face

ပျားရည်မှာ ပါဝင်တဲ့ Antibacterial ဘက်တီးရီးယားဆန့်ကျင်ပစ္စည်းတွေဟာ အသားအရေကိုစိုပြေစေပြီး ညိုမည်းနေတဲ့အသားအရေ ပျက်ဆီးနေတဲ့အသည်းအရေတွေ အမာရွတ်တွေ အမည်းစက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ပျားရည်ကို မျက်နှာပေါ်မှာနေ့တိုင်းလိမ်းပေးမယ်ဆိုရင်တော့ ဝက်ခြံကင်းစင်ပြီး အမည်းစက်တွေ ကင်းစင်စေမှာပါ။

ပျားရည်ကိုမျက်နှာပေါ်မှာလိမ်းပြီး ၁၅ မိနစ်လောက်ထားပါ။ ပြီးရင်ရေနွေးနဲ့မျက်နှာသစ်ပါ။ ဆဲလ်သေတွေဖယ်ရှားပေးဖို့လည်း ကူညီပေးမှာဖြစ်ပါတယ်။

လိမ္မော်သီး

အသားအရေ ဖြူဝင်းစေမယ့် သဘာဝနည်းလမ်း ၃ သွယ်

လိမ္မော်သီးမှာ ဗီတာမင်Cအများအပြားပါဝင်ပြီး အသားအရေကိုဖြူဝင်းစေပါတယ်။

လိမ္မော်ခွံကိုနေရောင်နဲ့ အခြောက်ခံလိုက်ပါ။ ပြီးရင်အမှုန့်ကြိတ်လိုက်ပါ။

ပြီးရင် နွားနို့ (သို့) ဒိန်ချဉ် နဲ့ ပျစ်ပျစ်လေးရောပါ။

မျက်နှာပေါ်မှာလိမ်းပြီး ခြောက်အောင်ထားပါ။

ပြီးရင် ရေအေးနဲ့မျက်နှာသစ်ချပါ။