အားလုံးသိကြတဲ့အတိုင်း ဆံကေသာအတွက်ဆို အုန်းဆီက မရှိမဖြစ် တကယ့်ကိုထိရောက်တဲ့ သဘာဝလက်ဆောင်မွန်တစ်ခုပါပဲ့နော်။ ဒါကြောင့် ဆံပင်အမျိုးအစားအလိုက် အုန်းဆီကို ဘယ်လိုအသုံးပြုရမလဲဆိုတာကို မျှဝေပေးလိုက်ပါတယ်။

ကဲ…နူးညံ့နေတဲ့ အိအိလေးနဲ့ထူထဲလှပတဲ့ဆံနွယ်လေးတွေကို ပိုင်ဆိုင်ချင်တဲ့ ပျိုမေတိုင်းအတွက် ဘယ်လိုဆံကေသာအမျိုးအစားပဲ့ ဖြစ်ပါစေ အုန်းဆီကို အလွယ်တကူ အသုံးပြုပြီး ပုံမှန်လုပ်လို့ရတဲ့ ဆံသားထိန်းသိမ်းနည်းလေးတွေကို အခုပဲ့ ပြောပြပေးလိုက်တယ်နော်…

ဆံပင်ပါးခြင်း

အုန်းဆီက ဆံပင်ထူပြီး အရှည်မြန်စေတဲ့ သဘာဝလက်ဆောင်မွန်တစ်ခုပါပဲ။ အုန်းဆီမှာ Fatty Acid တွေ၊ ဗီတာမင်တွေ ပါဝင်လို့ ဦးရေပြားကို အာဟာရဖြစ်စေပါတယ်။

ခွက်တစ်လုံးထဲမှာ အုန်းဆီအနည်းငယ်ထည့်ပြီး အပူရှိန်အနည်းငယ်နဲ့ တည်ပေးပါ။ ပြီးရင် ဆံပင်ကို မရှုပ်အောင် ဖြီးပြီး ရှင်းထားပါ။

အုန်းဆီကို ဦးရေးပြာပေါ်လိမ်းပေးပြီး လက်နဲ့နှိပ်နယ်ပေးပါ။ ပြီးရင် တဘက်နဲ့ ပေါင်းပေးထားပြီး တစ်ညလောက်ထားထားပါ။ အခုလို အုန်းဆီကို လိမ်းပေးပြီး ဦးရေပြားကို နှိပ်နှယ်ပေးတာဟာ သွေးလည်ပတ်မှုကိုကောင်းမွန်စေပြီး ဆံပင်ကို အရှည်မြန်လာစေပါတယ်။ ဒါ့ကြောင့် ၁၀ မိနစ်လောက် ငြင်သာစွာ နှိပ်နှယ်ပေးပါ။ အဲဒီအတွက် အုန်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်းပဲသုံးပါ။ အုန်းဆီအရမ်းများနေဖို့ မလိုပါဘူး။

နောက်တစ်နေ့မိုးလင်းရင် ခေါင်းလျှော်ချပေးပါ။

ဆံကေသာပျက်ဆီးခြင်း

အုန်းဆီမှာ Lauric Acid ကြွယ်ဝစွာပါဝင်လို့ ဆံကေသာကို ကျန်းမာသန်စွမ်းစေပါတယ်။ ဒါ့ကြောင့် ဆံပင်အဖျားနှစ်ခွဖြစ်တာ ဆံသားပျက်ဆီးတာတွေကို ကာကွယ်ပေးပါတယ်။

အုန်းဆီလက်ဖက်ရည်ဇွန်း ၁ ဇွန်းကို ဆံကေသာအဖျားမှာလိမ်းပေးပြီး မိနစ် ၃၀ လောက်ထားကာ ခေါင်းလျှော်ချပါ။ ခေါင်းလျှော်ပြီးရင် ပေါင်းဆေးသုံးပေးနိုင်ပါတယ်။

ဆံသား ခြောက်သွေ့ခြင်း

ဆံသားခြောက်တတ်တဲ့သူတွေအတွက် အုန်းဆီက အကောင်းဆုံးပါပဲ။ အုန်းဆီကို မကြာခဏလိမ်းပေးတာဟာ ဆံသားခြောက်သွေ့တာကို သက်သာပျောက်ကင်းစေပါတယ်။

Source: healthyfoodproteam.com