နေ့လယ်နေ့ခင်းတွေဆိုရင် လူတော်တော်များများဟာ ဗိုက်တင်းတင်းနဲ့ငိုက်ချင်ကြပါတယ်။ အကယ်၍အလုပ်အချိန်မှာ အိပ်ငိုက်တက်တဲ့သူဆိုရင် အခုပြောပြမယ့် အိပ်ချင်ပြေစေမယ့်နည်းလေးတွေ သုံးကြည့်ဖို့အကြံပြုချင်ပါတယ်။

(၁) ဒါတွေ စားကြည့်ပါ

Photo : WallpaperAccess

ငိုက်လာပြီဆိုရင် ပီကေဝါးကြည့်ပါ။ သိသိသာသာ လန်းဆန်းသွားပါလိမ့်မယ်။ ကော်ဖီဆိုရင်လည်း တစ်ခါသောက်ပြီးရင် ကဖိန်းဓါတ်ဟာ ၂ နာရီကနေ ၃ နာရီအထိ ခံတာကြောင့် အာရုံတွေ နိုးကြားလာမှာပါ။

(၂) ပုံစံပြောင်းပါ

Photo : SnackNation

ထိုင်ခုံမှာ ကြာကြာနေရင် ပိုပြီး ထိုင်းမှိုင်းပါတယ်။ ဟိုနားဒီနား လမ်းလျှောက်ပါ။ အကြောလေး ဘာလေး ၅ မိနစ်လောက် လျှော့ပါ။ အဆင်ပြေရင် လေ့ကျင့်ခန်းလေး ဘာလေးလုပ်ကြည့်လိုက်ပါ။ အိပ်ချင်ပြေတာ တွေ့ရပါလိမ့်မယ်။

(၃) သီချင်းနားထောင်ပါ

Photo : Pexels

နားကြပ်တပ်ပြီး သီချင်းနားထောင်လိုက်မယ်ဆိုရင် စိတ်လည်း အပြောင်းအလဲ ဖြစ်စေမယ်။ လူလည်း နိုးကြားလာစေပါတယ်။

(၄) သူငယ်ချင်းတွေနဲ့စကားပြောပါ

Photo : Depositphotos

တစ်ယောက်တည်း တနေကုန် ထိုင်လုပ်နေရင် ပိုပြီး အိပ်ချင်သွားပါလိမ့်မယ်။ မျက်စိလေးဘာလေး ကျယ်သွားအောင် ဘော်ဒါတွေ ၊ လုပ်ဖော်ကိုင်ဖက် မိတ်ဆွေတွေနဲ့ စကားလေးဘာလေး ပြောလိုက်‌ပါ။