ပိန်ချင်တဲ့သူတွေပဲဖြစ်ဖြစ်၊ ရှိနေတဲ့ကိုယ်အလေးချိန်ထက်ပိုပြီး ဝိတ်တက်လာမှာကို စိုးရိမ်နေတဲ့သူတွေပဲဖြစ်ဖြစ် လိုက်နာရမယ့်အဓိကအချက် ၅ ချက်ရှိပါတယ်။ ဒီအချက်လေးတွေကိုသာ သေချာလေးပုံမှန်လုပ်ပေးမယ်ဆိုရင်တော့ ဝိတ်လည်းတက်လာမှာမဟုတ်သလို၊ အဆီလည်းတက်လာမှာမဟုတ်တော့ပါဘူး။

ရေများများသောက်ပါ။

Source: www.india.com

ဝိတ်မတက်ချင်ဘူး၊ မဝချင်ဘူးဆိုရင်တော့ တစ်နေ့ကို ရေ ၅ လီတာလောက် သောက်ပေးဖို့လိုပါတယ်။  ရေများများသောက်ပေးခြင်းက ဝိတ်မတက်လာအောင် တားဆီးပေးရုံသာမကပဲ ဝိတ်လည်းကျစေတဲ့အတွက် ဝိတ်ချချင်တယ်ဆိုရင်တောင် ရေကိုပဲများများသောက်ပေးပါ။

အသီးအရွက်နဲ့ အသီးအနှံများများစားပါ။

Source: www.sciencedaily.com

ဝိတ်မတက်ချင်ရင်တော့ ထမင်းစားတိုင်းမှာ အသီးအရွက်တစ်မျိုးကို အမြဲစားပေးပါ။ အရည်ရွှမ်းတဲ့အသီးအနှံတွေကိုလည်း နေ့တိုင်းစားပေးဖို့လိုပါတယ်။ ဒီလိုစားပေးခြင်းက မလိုအပ်တဲ့အဆီတွေတက်မလာအောင်၊ ဝိတ်တက်မလာအောင် ကူညီပေးပါတယ်။ ဒါ့အပြင် အသားရေလည်းလှပစေပါတယ်။

အဆီအစိမ့်တွေကိုရှောင်ပါ။

Source: www.jewel1067.com

ဝိတ်မတက်ချင်ရင်၊ မဝချင်ရင် အဆီအစိမ့်တွေလုံးဝမစားပါနဲ့။ ဆီကြော်မုန့်တွေကိုလည်း ရှောင်ပေးပါ။ တော်တော်များများက အားလူးကြော်ဆိုရင် အရမ်းကြိုက်ကြပါတယ်။ အာလူးကြော်ဟာ ဝိတ်တက်စေရုံသာမပဲ ဝက်ခြံနဲ့ အဆီဖုတွေလည်း ထွက်စေပါတယ်။ ဒါကြောင့် ဝိတ်မတက်ချင်ရင် အဆီအစိမ့်ပါတဲ့အစားအစာတွေနဲ့ ဆီကြော်မုန့်တွေကို အထူးရှောင်ကြဉ်ပေးပါ။

ညစာကိုဆင်ခြင်စားပါ။

Source: www.shutterstock.com

ဝိတ်မတက်ချင်ဘူးဆိုရင်တော့ ညနေ ၆ နာရီ နောက်ပိုင်းမှာ ထမင်းလုံးဝမစားပါနဲ့။ ညစာကို ၆ နာရီမထိုးခင်မှာ စားပေးပါ။ စောစောစားလိုက်လို့ ညဖက်မှာ ဗိုက်ဆာလာခဲ့ရင် အသီးအနှံတွေကိုသာ စားသုံးပေးပါ။

အားကစားပုံမှန်လုပ်ပါ။

Source: www.fitness-nation.net

ဝိတ်မတက်ချင်ဘူးဆိုရင်တော့ အားကစားပုံမှန်လုပ်ပြီး Gym ကစားပေးဖို့ လိုပါတယ်။ Gym ကစားပေးခြင်းက ဝိတ်မတက်စေတဲ့အပြင် ခန္ဓာကိုယ်ကိုပါ လှပလာစေပါတယ်။ အချိန်မရှိလို့ Gym မကစားနိုင်ရင်တောင် မနက်တိုင်းထပြေးတာမျိုးလုပ်ပေးပါ။ လမ်းများများလျှောက်ပြီး အိမ်မှာပဲပြုလုပ်လို့ရမယ့် အားကစားလေးတွေကို လုပ်ပေးပါလို့ အကြံပြုပါတယ်။